တူရကီနိုင်ငံမှာတည်ရှိတဲ့ ကတ်တာဟိုရုရှေးဟောင်းအဆောက်အအုံဟာ လူ့လက်နဲ့တည်ဆောက်ခဲ့တဲ့ ရှေးအကျဆုံးအဆောက်အအုံတွေထဲကတစ်ခုဖြစ်ပါတယ်။ ကတ်တာဟိုရုကို လွန်ခဲ့သောနှစ်ပေါင်း ၉၄၀၀ ကျော်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း ၁၁၅၀၀ ခန့်ကတည်ဆောက်ခဲ့တဲ့ ဂိုဘက်လီတဲပီအဆောက်အအုံတစ်ခုသာ ကတ်တာဟိုရှထက်ပိုရှေးကျတာဖြစ်ပါတယ်။ အဆိုပါအဆောက်အအုံနှစ်ခုလုံးဟာ တူရကီနိုင်ငံတောင်ပိုင်းမှာတည်ရှိပေမယ့် မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခုလုံးက ဖန်တီးထားတာဖြစ်ပါတယ်။

လူသားသမိုင်းမှာ မုဆိုးဘဝမှ စိုက်ပျိုးရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တဲ့အချိန်မှသာ ယခုလိုအဆောက်အအုံကြီးတွေဆောက်လုပ်ပြီး အတူတကွနေထိုင်ခဲ့ကြတယ်လို့ သုတေသီအဖွဲ့က သုံးသပ်ထားပါတယ်။ သူတို့ရဲ့အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းမှာ စိုက်ပျိုးရေးလုပ်ကိုင်သူတွေကိုသာ လက်ခံကြပါတယ်။ စိုက်ပျိုးရေးကိုကျွမ်းကျင်ပြီးမှသာ သူတို့အသိုင်းအဝိုင်းအတွက်လိုအပ်တဲ့အရင်းအမြစ်တွေ ပေါကြွယ်ဝတယ်လို့ ယူဆထားကြပါတယ်။

ဗြိတိသျှရှေးဟောင်းသုတေသနပညာရှင် James Mellaart ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ ၁၉၅၈ ခုနှစ်မှာ ကတ်တာဟိုရုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Mellaart ဟာ တူရကီနိုင်ငံမှ မောင်းထုတ်ခံခဲ့ရပြီး ၁၉၉၀ ခုနှစ်ဝန်းကျင်အထိ အဆိုပါနေရာမှာ သုတေသနလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။

ယခုချိန်မှာတော့ ရှေးဟောင်းသုတေသနပညာရှင်တွေက ဒီနေရာနဲ့ပတ်သတ်ပြီး အံ့ဩဖွယ်ကောင်းတဲ့ရလာဒ်တွေရရှိပြီးဖြစ်ပါတယ်။ သူတို့ဘယ်လောက်ပဲလေ့လာသည်ဖြစ်စေ ဒီအဆောက်အအုံကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုဟာ များပြားနေဆဲဖြစ်ပါတယ်။