လူသားတွေဟာ ဒိုဒိုငှက်ကိုအစွဲပြုပြီး အချင်းချင်းပြက်ရယ်ပြုတတ်ကြပါတယ်။ ၁၅၀၀ ခုနှစ်နှောင်းပိုင်းမှာ ဒတ်ခ်ျသင်္ဘောသားတွေ Mauritius ကျွန်းပေါ်ကို ပထမဆုံးရောက်ရှိချိန်မှာ မပျံတတ်တဲ့ဒိုဒိုငှက်တွေကို သင်္ဘောပေါ်အများအပြားသယ်ဆောင်ပြီး စားသောက်ခဲ့ကြပါတယ်။


ဒိုဒိုငှက်လေးတွေရဲ့ သိမ်မွေ့လွန်းတဲ့စိတ်နေစိတ်ထားနှင့် ကျူးကျော်မျိုးစိတ်တွေရဲ့ ဝင်ရောက်မှုကြောင့် ဒိုဒိုတွေဟာ ၁၇ ရာစုနှောင်းပိုင်းမှာ သူတို့နေထိုင်ကျက်စားရာကျွန်းဆွယ်တွေမှ ပျောက်ကွယ်သွားကြတာဖြစ်ပါတယ်။ သုတေသီ Eugenia Gold နှင့် သူမရဲ့အဖွဲ့ဟာ CT စကန်အသုံးပြုပြီး ဒိုဒိုရဲ့ဦးခေါင်းခွံကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ ဒိုဒိုရဲ့ဦးခေါင်းခွံအပြင် အခြားမတူညီတဲ့ ခိုမျိုးစိတ် (၇) ခုကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ စစ်ဆေးမှုရလာဒ်တွေအရ ဒိုဒိုတွေဟာ ခိုတွေနဲ့တူညီတဲ့ဦးနှောက်စွမ်းအားတွေအပြင် ခိုမျိုးစိတ်တွေဖြစ်ကြောင်းလည်း ဖော်ပြနိုင်ခဲ့ပါတယ်။


ငှက်အများစုဟာ အနံ့အာရုံထက် အမြင်အာရုံကို ပိုအားကိုးတတ်ကြပေမယ့် ဒိုဒိုငှက်တွေကတော့ အမြင်အာရုံထက် အနံ့အာရုံပိုကောင်းပါတယ်။ သူတို့ကျွန်းဆွယ်အတွင်း ဖြတ်သန်းသွားလာချိန်မှာ ခွေးအ၊ တောဝက်၊ ကြောင်၊ကြွက်နှင့် မျောက်တွေကို မျက်လုံးနဲ့မမြင်ခင် အနံ့ခံတတ်ကြပါတယ်။ သူတို့ရဲ့မျိုးတုန်းမှုဟာ လူသားတွေရဲ့ကျူးကျော်မှုနဲ့လည်း များစွာသက်ဆိုင်နေပါတယ်။
