အနားတောင်သွားမကပ်သင့်တဲ့ ပေါ်တူဂီစစ်သင်္ဘောရေခူ..

//s9.kh1.co/0d/0d43250eec7afed1c77fe816b2f9d78317ff32cf.jpg
MPT

 ၀၁-ဇွန်-၂၀၂၃ ၇pm · လွန်ခဲ့သော ၁၀ လ က

အဆိပ်တွေက ကြောက်ဖို့အတော်ကောင်းတယ်..

အပြာ၊ ခရမ်း၊ အပန်းစတဲ့အရောင်အဆင်းတွေနဲ့ ပေါ်တူဂီစစ်စစ်သင်္ဘောရေခူတွေဟာ အရမ်းလှပနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီလိုလှပတဲ့အရောင်အဆင်တွေရှိနေပေမယ့် သူတို့မှာမထင်ထားရလောက်တဲ့ အဆိပ်တွေလည်းရှိနေပါတယ်။ ဒါကြောင့် သူတို့အနားကိုသွားမကပ်မိဖို့တောင် သတိပေးထားကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/e1/e1edf8aabe11c7e1e7baf07640545802d1c0e7e4.png

သူတို့နာမည်အတိုင်းပဲ ကိုယ်ထည်ပေါ်က လေအိတ်ဟာ ရာစုနှစ်များစွာအကြာက စစ်သင်္ဘောတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေပါတယ်။ အဆိုပါလေအိတ်မှာ ဓာတ်ငွေ့အပြည့်အဝရှိနေပြီးတော့ ရေပေါ်မှာပေါလောပေါ်နိုင်ဖို့အတွက် အသုံးပြုကြပါတယ်။ လေအိတ်က ရေပေါ်မှာပေါလောပေါ်နိုင်အောင်ကူညီပေးနိုင်ပေမယ့် သူတို့အမြန်နှုန်းကိုတော့ သိသိသာသာလျော့ကျစေပါတယ်။ အမြန်နှုန်းလျော့ကျလာတဲ့အတွက် ရေစီးအတိုင်းလိုက်ပါလာပြီး မကြာခဏဆိုသလို ကမ်းပေါ်မှာ လွင့်စင်သွားတတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=409,q=100/83/836af7289808cbd3446604cb9be62ae949dfe44d.png

ပေါ်တူဂီစစ်သင်္ဘော‌ရေခူတွေရဲ့ အန္တရာယ်အများဆုံးအပိုင်းကတော့ ပျမ်းမျှအားဖြင့် ( ၃၀-၁၆၅) ပေလောက်ရှည်တဲ့ သူတို့ရဲ့လက်တွေပါ။ NOAA ရဲ့အဆိုအရ သူတို့ရဲ့လက်မှတစ်ဆင့် အဆိပ်တွေကိုထုတ်ပေးပြီး ဒီအဆိပ်တွေက သေးငယ်တဲ့ငါးတွေနှင့် ပုဇွန်ဆိတ်တွေကို သေစေနိုင်ပါတယ်။ လူနှင့်တိရစ္ဆာန်တွေဟာ သေဆုံးပြီးရင် ပုပ်ပွသွားရုံမှအပ ဘာမှဖြစ်မနေပေမယ့် ဒီအပြာရောင်ရေခူရဲ့အဆိပ်ဟာ သေဆုံးပြီးသားသတ္တဝါ‌တွေရဲ့ ကိုယ်ပေါ်မှာတောင် သူတို့ရဲ့အဆိပ်က အဖုအပိန့်တွေအဖြစ် ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/e4/e4ec7659799d04b4e4ba46da984b6222b37af000.png

သိပ္ပံပညာရှင်တွေက သူတို့ကို သကြားလုံးရောင်ဂြိုလ်သားလို့ တင်စားထားပြီး မထိမကိုင်မိဖို့အတွက်လည်း သတိပေးထားပါတယ်။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T