လူတွေရဲ့အရေပြားအောက်မှာ ရှင်သန်နေထိုင်ကြတဲ့ စကေဘီကပ်ပါးကောင်..

//s9.kh1.co/99/9903c05f74e92088059bd43deabf049ba3650672.jpg
MPT

 ၀၁-ဇွန်-၂၀၂၃ ၄pm · လွန်ခဲ့သော ၁၀ လ က

လူကိုဒုက္ခပေးနေတဲ့ကောင်လေးတွေပေါ့..

လူတွေရဲ့ခန္ဓာကိုယ်မှာ ကပ်ပါး‌ကောင်မြောက်များစွာရှင်သန်နေထိုင်ကြပါတယ်။ လူတွေကိုအကျိုးပြုတဲ့ကပ်ပါးကောင်းတွေရှိသလို သေစေနိုင်လောက်တဲ့ထိ အန္တရယ်ဖြစ်စေနိုင်တဲ့ ကပ်ပါးကောင်တွေလည်းရှိပါတယ်။ ဒီထဲကမှ ယားယံမှုတွေကိုဖြစ်ပေါ်စေပြီး လူတွေကိုအန္တရယ်ဖြစ်နေနိုင်တဲ့ စကေဘီကပ်ပါးကောင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=372,q=100/67/67d307b85bfc622283e2e5d1af50ba422dedbed7.png

စကေဘီကပ်ပါးကောင်တွေဟာ အလွန်သေးငယ်တဲ့အတွက် သာမန်မျက်လုံးနှင့်မမြင်နိုင်ဘဲ အဏုကြည့်မှန်ပြောင်းနဲ့သာ မြင်နိုင်တာဖြစ်ပါတယ်။ အဆိုပါပိုးမွှားလေးတွေဟာ လှုပ်ရှားမှုမြန်ဆန်ပြီး လူတစ်ယောက်နဲ့တစ်ယောက်ထိ‌တွေ့ခြင်းမှလွယ်ကူစွာ ကူးစက်သွားလာနိုင်ပါတယ်။ ဒီကပ်ပါးကောင်တွေဟာ လူဦးရေထူထပ်တဲ့မိသားစု သို့မဟုတ် အသိုင်းအဝိုင်းတွေကို ဒုက္ခပေးတတ်ပါတယ်။ လူတွေမှာဆိုရင် စကေဘီကောင်တွေစွဲကပ်ခံရပြီး နှစ်လအတွင်းမသိသာပေမယ့် နောက်ပိုင်းမှာ ယားယံမှုတွေအပြင် ဆိုးရွားတဲ့အဖုအပိန့်တွေအထိဖြစ်သွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/fc/fc593fa5099f32ec4b0e01ac8cddba9261640b06.png
https://s9.kh1.co/__image/w=650,h=365,q=100/f1/f160c81d1f596b12c6fdc1fde77eeb8dbc06f077.png

စကေဘီကပ်ပါးကောင်တွေက လူတွေရဲ့အရေပြားအောက်မှာ ဥဥပြီးမျိုးပွားခြင်းအပါအဝင် သူတို့ရဲ့ဘဝစက်ဝန်းအတိုင်းရှင်သန်နေထိုင်ကြပါတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ သူတို့ဟာ (၁-၂) လအထိ အသက်ရှင်နိုင်ပေမယ့် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အတွင်းမှာမဟုတ်ဘူးဆိုရင် (၄၈-၇၂) နာရီထက် ပိုပြီးမရှင်သန်နိုင်ပါဘူး။ ဒါ့အပြင် အပူချိန် ၅၀ ဒီဂရီမှာ ဆယ်မိနစ်ကြာထားရင် ကပ်ပါးကောင်တွေက သေဆုံးသွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=468,h=286,q=100/0f/0fd88f827d2f4268f884f6ff0c4275d5a893150b.png
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T