ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး နေထိုင်လာခဲ့တဲ့ သတ္တဝါများ

//s9.kh1.co/17/1763894bf7e200010f93d77f62b0a0ceabcac164.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဇွန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၁၀ လ က

ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး နေထိုင်လာခဲ့တဲ့ သတ္တဝါများ

ကျွန်တော်တို့ ကမ္ဘာမြေဟာ သက်တမ်းအမျိုးမျိုးဖြင့် သက်ရှိမျိုးစုံနေထိုင်ရာ အိမ်ကြီးဆိုတာ အားလုံးသိထားကြမှာပါ။ ဒါပေမယ့် ဘယ်သတ္တဝါတွေက ဘယ်အချိန်ကတည်းက ကမ္ဘာမြေပေါ်မှာ နေထိုင်လာခဲ့သလဲဆိုတာကတော့ မသိကြပါဘူး။ အခုဖော်ပြပေးမှာကလည်း သိပ္ပံနည်းကျလေ့လာထားတဲ့ သက်တမ်းအရှည်မျိုးစိတ်အချို့ရဲ့ အကြောင်းပါ။ 

(၁) မိကျောင်းများ

https://s9.kh1.co/__image/w=650,h=366,q=100/35/3502e2001a6f23c3f5158a85f22341bae31e96d0.jpg

မိကျောင်းတွေရဲ့ သက်တမ်းဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၈၉ ခန့်ကတည်းက ရှိခဲ့တာဖြစ်ပြီး Jurassic  ခေတ် မတိုင်ခင်က ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။ 

(၂) ပင်လည်လိပ်များ 

https://s9.kh1.co/__image/w=650,h=488,q=100/ee/eed4460e3efb05a13a76215706fe995cff502a43.jpg

ပင်လယ်လိပ်တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၃၀ အကြာကဖြစ်တည်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ကုန်းလိပ်‌တွေကတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၂၀ ခန့်အကြာကဖြစ်တည်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက ဧရာမလိပ်ကြီးတွေဖြစ်ခဲ့ပါတယ်။ 

(၃) တီကောင်များ

https://s9.kh1.co/__image/w=650,h=390,q=100/de/debb84670e638ea7395da0da172a1055256dc95a.jpg

ကမ္ဘာပေါ်ရှိ သက်တမ်းအကြာဆုံးမျိုးစိတ်တွေထဲမှာ ကျောရိုးမဲ သတ္တဝါဖြစ်တဲ့ တီကောင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ သူတို့ဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၄၅၀ ကတည်းက စတင်ဖြစ်တည်ခဲ့တာလို့ ဆိုပါတယ်။ 

(၄) ရေဘဝဲများ

https://s9.kh1.co/__image/w=650,h=407,q=100/bf/bf9a194f9c6c13c2b2b4ddd12ef434f8f080b6f3.jpg

ရေ‌ဘဝဲတွေဟာ ပင်လယ်နေမျိုးစိတ်တွေထဲမှာတော့ အထူးခြားဆုံး မျိုးစိတ်လို့ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ထူးခြားဆန်းကြယ်တဲ့ သူတို့ရဲ့ သွေးနဲ့ အသွင်အပြင်တွေကြောင့်ပါ။ သူတို့ရဲ့ သက်တမ်းကတော့ နှစ်သန်းပေါင်း ၃၃၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ 

(၅) ငါးမန်းများ

https://s9.kh1.co/__image/w=650,h=434,q=100/cd/cd4c4a9728c573e018984eeafbde6c31c9888ae3.jpg

ပင်လယ်ဘုရင်လို့ တင်စားခြင်းခံရတဲ့ ငါးမန်းတွေကလည်း သက်တမ်းရှည် သတ္တဝါတွေထဲမှာ အပါအဝင်ပါ။ သူတို့ရဲ့ သက်တမ်းကတော့ နှစ်သန်းပေါင်း ၃၀၀ ခန့်ရှိပါတယ်။

(၆) ပင်လယ်ကြယ်ငါး

https://s9.kh1.co/__image/w=650,h=558,q=100/c9/c9ac55b850ec14d26a118d9da48be4d2577ee8fb.jpg

ကြယ်ငါးတွေကလည်း ထူးခြားတဲ့ ရေနေသတ္တဝါပါ။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ သူတို့ရဲ့ သက်တမ်းက‌ နှစ်သန်းပေါင်း ၄၄၀ ခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် ယခုဖော်ပြပေးတဲ့ သတ္တဝါတွေရဲ့ သက်တမ်းကတော့ အတိအကျတော့ မသတ်မှတ်ပါနဲ့။ ဒီသက်တမ်းတွေဟာ သိပ္ပံနည်းကျလေ့လာတွေ့ရှိထားတဲ့ အခြေအနေပေါ်မူတည်ဖြစ်ပြီး အနီးစပ်ဆုံး ခန့်မှန်းထားခြင်းသာ ဖြစ်ပါတယ်။ ဒီသတ္တဝါတွေနဲ့ ပတ်သက်ပြီး သင်သိထားတာရှိရင်လည်း ပြောပြပေးခဲ့ပါဦး။ 

Photo Credit - From Google 

Source - Internet 

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T