ပစိဖိတ်သမုဒ္ဒရာအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ရေနက်ပိုင်းမျိုးစိတ်သစ်များ...

//s9.kh1.co/17/1756a303b42d5521e2a8932ba5e855be99c4f92d.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဇွန်-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

တော်တော်များတဲ့မျိုးစိတ်တွေ...

ကမ္ဘာပေါ်မှာ တိရိစ္ဆာန်မျိုးစိတ်သစ်တွေ ရှာဖွေတွေ့ရှိထားသလို မျိုးတုန်းပျောက်ကွယ်သွားတဲ့ တိရိစ္ဆာန်‌တွေလည်း များစွာရှိပါတယ်။ လူဦးရေတိုးပွားလာမှုနှင့် မြို့သစ်တိုးချဲ့တည်ဆောက်မှုတို့ကြောင့် တိရိစ္ဆာန်အများစုက နေထိုင်ကျက်စားစရာဒေသ ရှားပါးလာပါတယ်။ ကုန်းပေါ်ကတိရိစ္ဆာန်တွေအတွက်သာမဟုတ်ဘဲ သမုဒ္ဒရာကြမ်းပြင်က တိရိစ္ဆာန်တွေအတွက်လည်း ကျက်စားရာဒေသတဖြည်းဖြည်းရှားပါးလာပါတယ်။ ရေနံ၊ သ‌ဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတွေက သမုဒ္ဒရာအောက်ခြေရှိ တိရိစ္ဆာန်တွေကို နေရာဒေသ ရှားပါးစေပါတယ်။ 

https://s9.kh1.co/__image/w=299,h=169,q=100/a4/a46273d424ccb7a665931c78cb23a64421513bdc.jpg

ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းမှာ CCZ ခေါ် သတ္တုပေါကြွယ်ဝတဲ့ ဒေသတစ်ခုရှိပါတယ်။ အဆိုပါဒေသဟာ ၂.၃ မီလီယံ စတုရန်းမိုင် ကျယ်ဝန်းပြီး အိန္ဒိယနိုင်ငံအရွယ်အစားထက် နှစ်ဆလောက်ကျယ်ပါတယ်။ အရင်ကဒီနေရာဟာ သမုဒ္ဒရာအတွင်းရှိ အမြင့်မြတ်ဆုံးတောရိုင်းဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာ သတ္တုတူးဖော်ရေးအတွက်ပိုင်းခြားထားပြီး အခုချိန်မှာ စာချုပ် (၁၇) ခုလောက်ချုပ်ဆိုထားတယ်လို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=640,h=480,q=100/10/1080ef2e6e56137f0115c1c90d1919f7b98358c2.jpg

အဆိုပါသတ္တုတူးဖော်တဲ့နေရာတွေဟာ များစွာသောသက်ရှိတွေရဲ့ နေထိုင်ကျက်စားရာအိမ်ဖြစ်ကြောင်း သုတေသီတွေကဖော်ပြခဲ့ကြပါတယ်။ အဆိုပါဒေသမှာ တိရိစ္ဆာန်မျိုးစိတ်သစ်ပေါင်း ၅၅၇၈ မျိုးကိုရှာဖွေတွေ့ရှိခဲ့ကြောင်း အချက်အလက်တွေနဲ့တကွ သုတေသီတွေကဖော်ပြခဲ့ကြပါတယ်။ တွေ့ရှိခဲ့တဲ့မျိုးစိတ်ရဲ့ ၈၈ ရာခိုင်နှုန်းမှ ၉၂ ရာခိုင်နှုန်းဟာ သုတေသီတွေအတွက် လုံးဝအသစ်အဆန်းဖြစ်နေကြောင်းလည်း ဖော်ပြထားခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=401,q=100/9a/9a82525af7df5b0d74c40736f7885d0758013ee4.jpg

မျိုးစိတ်သစ်ရှာဖွေထိန်းသိမ်းရေးဌာနတွေကတော့ အဆိုပါနေရာကို သဘာဝတရားအတိုင်းထိန်းသိမ်းပြီး မျိုးစိတ်တွေကို အသေးစိတ်ဆက်လက်လေ့လာဖို့ ကြိုးပမ်းနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/cd/cd9c9864f0db9429386c297a7f1e4d9b7d2ea1bf.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T