ကြယ်ငါးလေးတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်များ..

//s9.kh1.co/3d/3d8eadc9d8210d4660d170e6fb714d20acc98f0a.jpg
MPT

 ၂၄-မေ-၂၀၂၃ ၁၁am · လွန်ခဲ့သော တစ်နှစ် က

အရမ်းထူးဆန်းတဲ့ ရေနေသတ္တဝါငယ်လေးတွေ..

ကြယ်ငါးလေးတွေဟာ ပင်လယ်သမုဒ္ဒရာမှာနေထိုင်တဲ့ ထူးဆန်းပြီးချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေဖြစ်ပါတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာ ကြယ်ငါးမျိုးစိတ်ပေါင်း ၂၀၀၀ နီးပါးရှိပြီး ပုံသဏ္ဍာန်၊ အရွယ်အစား၊ အရောင် စတာတွေကွဲပြားကြပါတယ်။ ဒီလိုမတူညီတဲ့ကြယ်ငါးလေးတွေရဲ့ ထူးခြားချက် (၄) ချက်ကို ဖော်ပြပေးသွားပါမယ်။ 

(၁) တကယ်တော့ကြယ်ငါးတွေဟာ ငါးအုပ်စုဝင်တွေမဟုတ်ကြပါဘူး။ ကြယ်ငါးလို့ခေါ်နေကြပေမယ့် သူတို့က ငါးတွေနဲ့ကွဲပြားပါတယ်။ ငါးတွေမှာ ကျောရိုးရှိပြီးတော့ ကြယ်ငါးတွေဟာ ကျောရိုးမရှိတဲ့ ရေနေသတ္တဝါလေးတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/d9/d9c40a44f2d21590220402d6332b86d4c8b5bab8.jpg

(၂) ကြယ်ငါးလို့ပြောရင် လူတော်တော်များများက ကြယ်ပုံသဏ္ဍာန်ဖြစ်ပြီး ခြေချောင်းငါးချောင်းရှိမယ်လို့ ထစ်ထစ်ချတွေးတတ်ကြပါတယ်။ အချို့ကြယ်ငါးမျိုးစိတ်တွေမှာ ငါးချောင်းထက်ပိုတဲ့ ခြေချောင်းလေးတွေရှိပါတယ်။ ဥပမာ- ဆူးသရဖူကြယ်ငါး (Acanthaster Planci) တွေမှာ ခြေချောင်း (၂၁) ချောင်းရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/e6/e6c5508c72c084e5686234b47ee5d988ca1934d0.jpg

(၃) ကြယ်ငါးတွေမှာ သွေးမရှိပါဘူး။ သွေးအစား ရေတွေကိုအသုံးပြုကြပါတယ်။ သူတို့ရဲ့သေးငယ်တဲ့ ပြွန်ပုံသဏ္ဍာန်ခြောက်ချောင်းလေးတွေမှာ ရေကိုစစ်ထုတ်စုပ်ယူနိုင်စွမ်းရှိပါတယ်။ စစ်ထုတ်လိုက်တဲ့ရေတွေဟာ အာရုံကြောမှတစ်ဆင့် အာဟာရဓာတ်တွေအဖြစ်ပြောင်းလဲသွားပါတယ်။ 

https://s9.kh1.co/__image/w=650,h=437,q=100/d7/d76a7d0b1229a1ee43cdeff98a2c69139a790ea6.jpg

(၄) ကြယ်ငါးတွေဟာ အသီးအရွက်စားသတ္တဝါတွေဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့ပုံစံဖြစ်နေပေမယ့် ကြယ်ငါးတွေဟာ ရေညှိနှင့် ရေအောက်အပင်တွေကိုပဲ စားကြတာမဟုတ်ပါဘူး။ ငါး၊ ကမာကောင်၊ ဂုံးနှင့် အခြားရေနေသတ္တဝါငယ်လေးတွေကိုလည်း စားသုံးတတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/49/49b78a90d14891a674a81f82358cba236b22bba3.jpg

ကြယ်ငါးတွေရဲ့ အခြားထူးခြားတဲ့ အချက်လေးတွေလည်းရှိနေပါသေးတယ်။ ဒီမှာဖော်ပြထားတဲ့အချက်တွေကတော့ လူတွေအထင်မှားနိုင်တဲ့ အချက်လေးတွေကို ရှင်းပြပေးတာဖြစ်ပါတယ်။ ကြယ်ငါးတွေအကြောင်းသင်သိတဲ့အခြားအချက်တွေရှိရင်လည်း ပြောပြပေးသွားပါဦး..။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T