မီနောကာလို့ လူသိများတဲ့ စပိန်ကျွန်းဟာ အနောက်မြေထဲပင်လယ်မှာ တည်ရှိတဲ့ သမိုင်းဝင်ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ကျွန်းက ကီလိုမီတာ ၅၀ ကျော်လောက်သာ ကျယ်ဝန်းပေမယ့် တစ်ကျွန်းလုံးမှာရှိနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်တုံး ၃၀ ကျော်ကြောင့် ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။
![https://s9.kh1.co/__image/w=495,h=350,q=100/96/9617a0106fec56af2de88ae2b3996e861ddfb169.jpg](https://s9.kh1.co/__image/w=495,h=350,q=100/96/9617a0106fec56af2de88ae2b3996e861ddfb169.jpg)
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=366,q=100/92/92ceb0ed0ad95d8585d1cb2043d1b3e6b797494e.jpg)
ဘယ်လောက်ထိ စိတ်ဝင်စားစရာ ကောင်းသလဲဆိုရင် အဲ့ဒီကျွန်းကို ရောက်လာတဲ့ သူမှန်သမျှဟာ ကျောက်တုံးတွေကို ကြည့်လိုက်တာနဲ့ ချက်ချင်းရင်းနှီးသွားသလို ခံစားရတယ်လို့ ဆိုပါတယ်။ ဒါဆို ဒီကျောက်တုံးတွေက ဘာကြောင့် အဲ့လိုခံစားရတာလဲ၊ ကျွန်းပေါ်ကိုရော ဘယ်ကရောက်လာတာလဲ၊ ဘယ်သူတွေက ဖန်တီးတည်ဆောက်ခဲ့တာလဲဆိုတာကတော့ လုံးဝစိတ်ဝင်စားစရာပါ။
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=488,q=100/a5/a52fb616d56f3d326bd76101f1846c3a45dd1553.jpg)
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=488,q=100/b3/b3a30046d752b37ccbb451777c2c64f6d2c92ce8.jpg)
ဒီကျွန်းရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်တဲ့ အခါမှာ နှစ်ပေါင်းများစွာ ရှည်လျားတဲ့ သမိုင်းကြောင်းတွေရှိနေတာ တွေ့ခဲ့ရပါတယ်။ အချို့သမိုင်းတွေမှာတော့ မီနောကာကျွန်းဟာ လွန်ခဲ့တဲ့ ကြေးခေတ် ( ဘီအီစီ ၁၀၀၀ ) ခန့်လောက်က Talayotic ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး ကျွန်းပေါ်မှာ နေထိုင်သူများဟာ မျော်စင်နဲ့တူတဲ့ အထိမ်းအမှတ်အဆောက်အအုံတွေကို တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=448,q=100/88/88139b22e9e62ddb7e619aca0cedce7f70ce8a95.jpg)
အဲ့ဒီအဆောက်အုံတွေက ယနေ့အချိန်အထိ ရှိနေဆဲပါ။ လက်ရှိမှာတော့ မီနောကာ ကျွန်းဟာ သဘာဝအလှတရားများကို ခံစားလိုသူတွေနဲ့ သမိုင်းကြောင်းလေ့လာချင်တဲ့ ခရီးသွားတွေအတွက် ဆွဲဆောင်ထားတဲ့ နေရာတစ်ခုဖြစ်နေခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source - historicmysteries