လူတွေသတိမထားမိဘဲ နေ့စဥ်ပြုလုပ်မိရာမှ မျက်စိရောဂါဖြစ်စေနိုင်တဲ့ အလေ့အကျင့်တစ်ခု..

//s9.kh1.co/5b/5b7b841f52f5817508fbdb2bd60599937a2e444b.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၁-ပြီ-၂၀၂၃ ၂pm · လွန်ခဲ့သော တစ်နှစ် က

သတိထားရှောင်ကျဥ်ဖို့လိုပါတယ်..

မနက်အိပ်ရာထတဲ့အခါ အများစုက မျက်လုံးကိုလက်နှင့် ပွတ်တတ်ကြပါတယ်။ ဒါ့အပြင် တစ်နေ့လုံး အလုပ်မှာသော်လည်းကောင်း၊ သွားလာလှုပ်ရှားတဲ့အခါမှာသော်လည်းကောင်း မထင်မှတ်ဘဲ လက်နဲ့မျက်လုံးတစ်ဝိုက်ကို ပွတ်မိတတ်ပါတယ်။ ဒါဟာ လူအများစုသတိမထားမိတဲ့ အမှားကြီးတစ်ခုပါပဲ။

https://s9.kh1.co/__image/w=650,h=366,q=100/d4/d46a34896b7e1fd90a302bfde883b50428dc7df7.png

Vision Direct မှ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုပေးသူ Nimmi Mistry က "မျက်လုံးများကို ပွတ်သပ်ခြင်းဟာ ဆိုးကျိုးတွေကို အမှန်တကယ် ဖြစ်စေနိုင်တဲ့အတွက် တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်" လို့ လူနာတွေကို သတိပေးခဲ့ပါတယ်။ မျက်ကြည်လွှာကို ခြစ်မိပြီး မျက်လုံးထဲပိုးဝင်တဲ့ထိ ဖြစ်လာနိုင်တာကြောင့် အခုလိုပွတ်သပ်ခြင်းကို ရှောင်ရှားဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=615,h=591,q=100/4d/4daf626c00429a29bb0a9ceb3badce3352ae8e69.png

2018 သိပ္ပံလေ့လာမှုတစ်ခုအရ Staphylococcus aureus နှင့် Streptococcus တို့ဟာ ကွန်ပျူတာကီးဘုတ်နှင့် မိုဘိုင်းလ်ဖုန်းတွေရဲ့ မျက်နှာပြင်ပေါ် ရှိနေကြပြီး သူတို့ကို မျက်လုံးနဲ့ထိမိလိုက်ရုံနဲ့ မျက်လုံးထဲဝင်သွားပြီး ဘက်တီးရီးယားတွေလို မျက်စိရောဂါတွေဖြစ်စေနိုင်တဲ့အတွက် အထူးသဖြင့် လုပ်ငန်းခွင်ထဲမှာလည်း မျက်လုံးကိုမပွတ်မိဖို့ ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=427,q=100/50/50961eb4b35c4864a767285997b4fa79d67d3ca6.png

မျက်စိဟာ အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ အကယ်၍ မျက်လုံးကို မဖြစ်မနေထိတွေ့ရမယ်ဆိုရင်တောင် လက်ဆေးပြီးမှထိတွေ့ဖို့လိုပါတယ်။ သို့မဟုတ် သန့်ရှင်းတဲ့တစ်ရှူးနဲ့ ညင်ညင်သာသာပွတ်သပ်အသုံးပြုလို့ရပါတယ်။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T