ကမ္ဘာပေါ်မှာ ပြတိုက်များစွာရှိသည့်အနက် ကြောက်စရာအကောင်းဆုံးနှင့် ထူးထူးဆန်းဆန်းပြတိုက်တစ်ခု ရှိတယ်ဆိုတာ သိပါသလား ။ အဲ့တာကတော့ အမေရိကန်နိုင်ငံ Pennsylvania၊ Philadelphia မှာ တည်ရှိတဲ့ Mutter လို့ခေါ်တဲ့ ဆေးဘက်ဆိုင်ရာ ပြတိုက်ဖြစ်ပါတယ်။


ဒီပြတိုက်ကတော့ ဆေးဘက်ဆိုင်ရာ အထူးအဆန်းများ၊ ခန္ဓာဗေဒနမူနာများနှင့် သမိုင်းဝင် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ စုဆောင်းမှုကြောင့် လူသိများပါတယ်။ အထဲမှာ ပြသထားတွေကတော့ လူ့ခန္ဓာကိုယ်ပေါ်မှာ ကြုံတွေ့ခဲ့ရဖူးတဲ့ ကြောက်စရာကောင်းဆုံး ပြောင်းလဲမှုတွေ ၊ ပြီးတော့ အိမ်မက်ဆိုးတွေမှာ မြင်တွေရတဲ့ အမျိုးမျိုးသောအရာတွေကိုပါ ပြသထားပါ။


Mutter ပြတိုက်မှာ ပြသထားတဲ့ ရောဂါဗေဒနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း အများအပြားဟာ ဖယောင်းဖြင့် ပြုလုပ်ထားပေမယ့် လူတိုင်းတွန့်ဆုတ် တုန်လှုပ်သွားရလောက်အောင် တကယ့်အစစ်တိုင်း တူလွန်းပါတယ်။


ပြတိုက်ကို ၁၈၅၈ ခုနှစ်မှာ “the College of Physicians of Philadelphia” ထံ စုဆောင်းထားတဲ့ ဆေးနမူနာများ လှူဒါန်းခဲ့တဲ့ သမားတော် ဒေါက်တာ Thomas Dent Mutter မှ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပြတိုက်အတွင်းထဲ ဝင်ကြည့်မယ်ဆိုရင်တော့ တစ်ယောက်ကို ၁၄ ဒေါ်လာ ပေးဆောင်ရမှာပါ။ ကြောက်တတ်သူတွေအဖို့ဆိုရင်တော့ ဒီ Mutter ပြတိုက်ကို သွားရောက်မကြည့်ဖို့ အကြံပြုပါတယ်။


သတင်း အရင်းအမြစ်៖ Source - onlinenewsplus