မြန်မာလို နဖားကြူးမြီးဝိုင်းလို့ခေါ်တဲ့ ဒီငှက်လေးဟာဆို တကမ္ဘာလုံးမှာမှ မြန်မာတနိုင်ငံမှာပဲ တွေ့နိုင်တဲ့ရှားပါးမျိူးစိတ်ငှက်လေးပါ။ မျိူးရင်းCordivaeဖြစ်တဲ့ ဒီငှက်လေးတွေဟာ မြန်မာ့အထင်ကရ ပုပ္ပါးတောင်နှင့် အခြားအပူပိုင်းခြောက်သွေ့တောတွေနှင့် ရှားတော တွေမှာပဲတွေ့နိုင်တဲ့ မျိူးစိတ်ပါ။

သူတို့ရဲ့နေထိုင်ပုံဓလေ့နှင့် ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဒီငှက်မျိူးစိတ်လေးတွေဟာဆို မျိူးသုန်းလုနီးပါး အန္တရာယ်ရှိနေတဲ့ ငှက်လေးတွေပါ။ ငှက်ပစ်သမားတွေ ရဲ့ရန်ကြောင့် အခုဆိုရင် အရေအတွက်အနည်းငယ်ပဲကျန်ပါတော့တယ်။

ငွေရောင်တောင်ပံ၊ အနက်ရောင်အမြီးနှင့်အနက်ရောင်ဦးခေါင်းပုံရှိတဲ့ဒီငှက်တွေဟာ လက်ရှိအချိန်မှာတော့ မြန်မာတစ်နိုင်ငံမှာပဲ နေထိုင်ကျက်စားနိုင်ပြီး တောရိုင်းဥပဒေအရ အပြည့်အဝကြပ်မတ်စွာ ကာကွယ်ပေးနေရတဲ့ ငှက်လေးတွေဖြစ်ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ ဒီငှက်တွေဟာ သေချာမထိန်းသိမ်းနိုင်ရင် နောင်အနှစ်ငါးဆယ်လောက်မှာ ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားနိုင်တယ်လို့ဆိုပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia