သဘာဝတရားကြီးထဲက တောရိုင်းတိရစ္ဆာန်အပါအဝင် အကောင်မျိူးပေါင်း၁၅၀၀ဟာ လိင်တူနှစ်သက်တတ်တဲ့အလေ့အကျင့်ရှိတာကို သိပ္ပံပညာရှင်တွေကရှာတွေ့ခဲ့ကြပါတယ်။ဒီထဲက လူသိများတဲ့ အကောင်လေးတွေကိုဖော်ပြပေးသွားပါမယ်။
1.Giraffe
သစ်ကုလားအုတ်တွေဟာ လိင်ကွဲစုံတွဲထက်လိင်တူစုံတွဲနေရတာကိုသာပိုနှစ်သက်လေ့ရှိကြပါတယ်။Animal Kingdomက 90ရာခိုင်နှုန်းသောလိင်တူဆက်ဆံခြင်းဟာ သစ်ကုလားအုတ်အထီးတွေကနေ တွေ့ရပါတယ်။သစ်ကုလားအုတ်အထီးတွေဟာ အချင်းချင်းလည်ပင်းပွတ်ပြီးကြူးတာ အီစီကလီလုပ်တာတွေကိုလည်းကျွမ်းကျင်ကြပါတယ်တဲ့။

2.Bottlenose Dolphins
ဒီဖော်ရွေတတ်တဲ့ လင်းပိုင်မျိူးလေးတွေဟာ အထီးအမမခွဲဘဲ ဆက်ဆံတတ်ကြတဲ့ အကောင်လေးတွေပဲဖြစ်ပါတယ်။ လင်းပိုင်အထီးတွေဟာBisexual ဖြစ်တာများပြီး လင်းပိုင်လောကမှာဆိုရင် လိင်ကွဲနှင့်လိင်တူဆက်ဆံခြင်းက အရေအတွက်အတူတူလောက်ပဲဖြစ်ပါတယ်။

3.Macaque Monkey
ဒီအိန္ဒိယနွယ်ဝင်မျောက်တွေကကျတော့ လိင်တူလိင်ကွဲမခွဲခြားဘဲ ဆက်ဆံတတ်ကြပါတယ်တဲ့။ ဒါပေမဲ့ မျောက်အထီးတွေကတော့တစ်ညတာဆက်ဆံရေးတွေပဲထားတတ်ပြီး မျောက်မတွေကတော့တသက်လုံးအတူတူနေတဲ့အထိ ခိုင်မြဲတတ်ကြပါတယ်။ တခါတရံမှာတော့ ပြင်ပအန္တာရယ်တွေကြောင့် မျိူးတူအချင်းချင်းစုနေကြတာလည်း ရှိတတ်ပါတယ်။

4.Mounting Bison
ဒီသန်သန်မာမာကျွဲကြီးတွေကတော့ လိင်ကွဲဆက်ဆံတာထက်လိင်တူဆက်ဆံတာကပိုများပါတယ်။ အကြောင်းကတော့ ကျွဲမတွေဟာတစ်နှစ်မှာတစ်ခါပဲ မိတ်လိုက်ကြတာမလို့ မိတ်လိုက်ရာသီမဟုတ်တဲ့အချိန်တွေမှာ ကျွဲထီးတွေဟာအချင်းချင်းပဲ မိတ်လိုက်လေ့ရှိကြပါတယ်။

5.Albatross Bonds
ဟာဝိုင်အီမှာအနေများတဲ့ ဒီပင်လယ်စင်ရော်တွေဟာ လိင်တူစုံတွဲအများဆုံးရှိတဲ့ တိရိစ္ဆာန်လေးတွေပါ။ စစ်တမ်းတွေအရ သုံးဆယ်ရာခိုင်နှုန်းသောပင်လယ်စင်ရော်အမတွေဟာ လိင်တူစုံတွဲသာဖြစ်ကြောင်းသိရပါတယ်။ သူတို့ဟာတစ်သက်တာအဖော်အဖြစ်နေသွားကြပြီး ကြက်ပေါက်စ ငှက်ပေါက်စလေးတွေကို ကလေးအဖြစ်မွေးစားတတ်ကြပါတယ်။

သတင်း အရင်းအမြစ်៖ DW.com