ကျွန်တော်တို့ လူသားတွေ ဘယ်အချိန်ကတည်းက ဖိနပ်ကို စတင်စီးခဲ့ကြတာလဲ…?။ ရှေးဟောင်း မနုဿဗေဒပညာရှင်များရဲ့ အဆိုအရ ကျွန်တော်တို့လူသားများဟာ ခြေဖဝါးများမှာ ခန္ဓာဗေဒဆိုင်ရာပြောင်းလဲမှုများကို အထောက်အကူဖြစ်စေတဲ့ ဖိနပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀,၀၀၀ ဝန်းကျင်က စတင်စီးခဲ့တာလို့ ဆိုကြပါတယ်။

အချို့ကတော့ ဒါကို ငြင်းဆန်ထားခဲ့ကြပါတယ်။ ဒါပေမယ့် Areni-1 လို့အမည်ပေးထားတဲ့ ဖိနပ်ကတော့ နှစ်ပေါင်း ၄၄,၀၀၀ ဝန်းကျင် အဆိုပြုချက်ကို ထောက်ပြနေခဲ့ပါတယ်။ Areni-1 ဖိနပ်က တိရစ္ဆာန်တစ်ကောင်ရဲ့ သားရေဖြင့် ပြုလုပ်ထားတာဖြစ်ပြီး ရှေးလူသားတွေ စွန့်ပစ်ထားခဲ့တာဟာ နှစ်ပေါင်း ၅၅၀၀ ကျော် ရှိပြီလို့ ဆိုပါတယ်။

ဖိနပ်ရဲ့ ရှေ့နဲ့နောက်မှာ သားရေကြိုးများဖြင့် ချည်နှောင်ထားတာပါ။ ယနေ့ခေတ်နည်းပညာခေတ်ထဲမှာ ထုတ်လုပ်ထားတဲ့ ဖိနစ်အရွယ်အစားနှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် 7 (US) နှင့် ကိုက်ညီတာဖြစ်လို့ ယောက်ျားလေးဖြစ်စေ မိန်းမဖြစ်စေ ဝတ်ဆင်နိုင်ပါတယ်။

ဖိနပ်ကတော့ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှာ ပြသထားတဲ့ အခြားရှေးဟောင်းဖိနပ်များနှင့် နီးနီးစပ်စပ်တူပါတယ်။ လက်ရှိမှာတော့ Areni-1 ဖိနပ်ကို Yereʋan ရှိ Armyenia သမိုင်းပြတိုက်မှာ ပြသထားပါတယ်။

သတင်း အရင်းအမြစ်៖ Source - archeologynews.coм