မြွေအများစုကတော့ အုပ်စုဖွဲ့မိတ်လိုက်လေ့မရှိပေမဲ့ တချိူ့မျိူးစိတ်တွေဟာ Mating ballလို့ခေါ်တဲ့ စုပေါင်းမိတ်လိုက်ခြင်းလုပ်လေ့ရှိပါတယ်။
ဒီMating ballမှာဆိုရင်တောင့်တောင့်ဖြောင့်ဖြောင့်မြွေမတစ်ကောင်က မိတ်လိုက်မဲ့အနံ့ (Pheromones) ကိုထုတ်လွှင့်လိုက်တာနဲ့ အခြားမျိူးနွယ်တူမြွေထီးတွေက စုပြုံရောက်လာကြပြီး အမကိုယ်ပေါ်ကိုအလုအယက်တက်ကြတာပါ။

ဒီလိုရောက်လာတဲ့မြွေထီးတွေထဲကနေ မြွေမကသူ့စိတ်ကြိုက်ဖြစ်မဲ့ အကောင်ကိုရွေးပြီး အဲ့တစ်ကောင်နဲ့ပဲမိတ်လိုက်တာဖြစ်ပါတယ်။ မိတ်လိုက်ပြီးသွားတဲ့အခါ ပြီးစီးကြောင်းအနံ့ကိုထုတ်လွှင့်လိုက်ရင် မြွေထီးတွေကလည်း အလိုက်တသိပြန်ထွက်သွားကြတာပါ။

ပြီးတော့ မျိူးနွယ်မတူတဲ့မြွေတွေအချင်းချင်းလဲ မိတ်လိုက်လေ့မရှိပါဘူး။မျိူးနွယ်တူမြွေအချင်းချင်းသာ မိတ်လိုက်လေ့ရှိပြီးလူတွေအထင်မှားတတ်ကြတဲ့ စပ်မြွေဆိုတာမျိူးမရှိပါဘူး။

ဒီMating Party လုပ်ပြီး ကြင်ဖော်ရွေးတတ်တဲ့ မြွေမျိူးနွယ်တွေကအကောင်သေးမျိူးတွေဖြစ်တဲ့ ထန်းမြွေ မြက်လျော ဂျပ်မြွေလိုမျိူးကနေ စပါးအုံး လိုအကောင်ကြီးတွေအထိပါဝင်ပါတယ်။

သတင်း အရင်းအမြစ်៖ www.wikipedia.com