လူတွေရဲ့မှတ်ဉာဏ်တွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ ပိုမိုဆုံးရှုံးလာရတတ်ပါတယ်။ ဒီလိုမှတ်ဉာဏ်တွေကို ကြာကြာထိန်းသိမ်းနိုင်အောင် အလေ့အကျင့်ကောင်းတွေနဲ့ ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒီလိုအကျိူးရှိတဲ့ အလေ့အကျင့်ကောင်းတွေကို သင့်အနေနဲ့ ကောင်းကောင်းအသုံးချမယ်ဆိုရင် အသက်အရွယ်ကြီးရင့်ပေမယ့် သာမန်ထက်ကောင်းတဲ့မှတ်ဉာဏ်တွေ ရရှိပိုင်ဆိုင်နိုင်ပါတယ်။
အစားအသောက်ကို သင့်တင့်မျှတအောင်စားပါ
လူတွေဟာ ရှင်သန်ဖို့အတွက် နေ့ရက်တိုင်းစားသောက်နေကြရပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအတွက် အစားအသောက်ကို အထူးဂရုစိုက်ပေးရပါမယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ မှိုတွေဟာ မှတ်ဉာဏ်အတွက် စားသုံးသင့်တဲ့ အကောင်းဆုံးအစားအစာလို့ သတ်မှတ်ထားကြပါတယ်။ Australia သိပ္ပံပညာရှင်တွေက မှိုဟာ ဦးနှောက်အမျှင်ကို ကြီးထွားစေတဲ့အပြင် မှတ်ဉာဏ်တွေကို မပျောက်အောင်ထိန်းသိမ်းပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အသီးအရွက်နှင့် သစ်သီးဖျော်ရည်တွေကလည်း မှတ်ဉာဏ်ဆုံးရှုံးမှုကို နည်းပါးစေပါတယ်။
ကောင်းမွန်တဲ့ relationship တစ်ခုကို တည်ဆောက်ပါ
ပျော်ရွှင်ပြီး ပြည့်စုံတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် relationship ဟာ အရေးပါတဲ့ အပိုင်းတစ်ခုအဖြစ်ပါဝင်ပါတယ်။ နှစ်ယောက်သားအတူတူ လုပ်ချင်တဲ့အရာတွေကို မှတ်သားထားခြင်း (သို့) အမှတ်ရစရာနေ့ရက်တွေကို အတူတကွမှတ်သားခြင်းတွေက မှတ်ဉာဏ်အားကောင်းအောင် ကူညီပေးပါတယ်။ Relationship တည်ဆောက်ဖို့ အဓိကလိုအပ်ချက်က လူတွေဟာ အထီးကျန်တဲ့အခါ ဦးနှောက်လုပ်ဆောင်မှုကိုတိုးစေတဲ့ Astrocytes တွေက hyperactive အဖြစ်ပြောင်းလဲသွားတတ်လို့ဖြစ်ပါတယ်။ Hyperactive ဟာ ဦးနှောက်လုပ်ဆောင်ခြင်းနှင်း မှတ်ဉာဏ်တွေကို ရပ်တန့်စေနိုင်ပါတယ်။
အချိန်ကို ကောင်းကောင်းစီမံပါ
စာဖတ်ပါ - Advanced Science and Technology at the University of Illinois Urbana-Champaign ရဲ့ တွေ့ရှိချက်အရ အသက်အရွယ်ကြီးရင့်သူတွေဟာ စာဖတ်ခြင်းကြောင့် မှတ်ဉာဏ်အားကောင်းလာကြောင်း ဖော်ပြထားပါတယ်။
ဦးနှောက်နဲ့ သက်ဆိုင်တဲ့ဂိမ်းတွေနဲ့ စကားထာဝှက်ခြင်းတွေကလည်း ဦးနှောက်လုပ်ဆောင်ချက်နှင့် မှတ်ဉာဏ်ကိုတိုးစေကြောင်း Columbia နှင့် Duke universities ရဲ့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။