ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေသောအစားအစာများ...

//s9.kh1.co/b0/b011545cfd596ddc566536e350a471beee255292.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၉-မတ်-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

အချဉ်ဖောက်တဲ့အစားအစာတွေ စားသုံးပါ..

သုတေသနအသစ်တွေအရ အချဉ်ဖောက်ထားတဲ့အစားအစာတွေမှာ Antioxidant နှင့် ဦးနှောက်အတွက်ကောင်းမွန်တဲ့အဆီဓာတ်တွေ အများကြီးပါဝင်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် များစွာအကျိုးရှိတယ်လို့တွေ့ရှိထားကြပါတယ်။ အစာကို ကောင်းမွန်စွာစားသောက်ခြင်းက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့ကို လျော့ကျစေတဲ့အပြင် အဲယ်လ်ဇိုင်းမားလို့ခေါ်တဲ့ အရုံကြောရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာကောင်းမွန်ဖို့အတွက် အကျိုးရှိတဲ့အစား‌အသောက်အနည်းငယ်ကို ပြောပြပေးသွားပါမယ်။

ဒိန်ချဉ်

https://s9.kh1.co/__image/w=650,h=366,q=100/03/0385f0b5b2a6fcb4cde45b8085f8e4efff00b938.jpg

သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ဒိန်ချဉ်ဟာ အာရုံကြောစနစ် ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်ဖို့ ကူညီပေးတဲ့အကောင်းဆုံးအစားအစာဖြစ်ပါတယ်။

Sauerkraut (ဂေါ်ဖီထုပ်ချဉ်)

https://s9.kh1.co/__image/w=650,h=366,q=100/ef/ef3ca985092cf757ded002b50bc181bc25af315d.jpg

အူလမ်းကြောင်းကို ကောင်းမွန်စေတဲ့အပြင် စိတ်ခံစားချက်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းကိုထုတ်ပေးပါတယ်။ စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေသူတွေ စားသုံးသင့်တဲ့အစားအစာဖြစ်ပါတယ်။

Kombucha (ဆေးဖျော်ရည်)

https://s9.kh1.co/__image/w=650,h=366,q=100/6b/6b194b9c080073e41b218e352b15e7ce2b94acd9.jpg

ဒီဆေးဖျော်ရည်ကို ဆန်းသစ်တဲ့စနစ်နဲ့ လူတွေအပေါ်တိုက်ရိုက်စမ်းသပ်တဲ့အခါ အချဉ်ဖောက်ထားပြီး အမျှင်ဓာတ်ကြွယ်တဲ့အစားအစာတွေရဲ့ အကျိုးကျေးဇူးကို သိပ္ပံပညာရှင်တို့နားလည်သဘောပေါက်ခဲ့ကြပါတယ်။ စမ်းသပ်ခံတွေဟာ စိတ်ဖိစီးမှုလျော့ကျပြီး ခံစားချက်ပိုမိုကောင်းမွန်လာတယ်လို့သိရပါတယ်။

ဒီအချက်တွေအရ စိတ်ကျန်းမာရေးကောင်းမွန်ပြီး ဦးနှောက်ဉာဏ်ရွှင်ဖို့ အချဉ်ဖောက်ထားတဲ့အစားအစာတွေကို စားသုံးသင့်ပါတယ်။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T