ဒီတစ်ခါမှာတော့ ငါးချစ်သူတွေအတွက် တကယ့်ကို လှပဆန်းကျယ်တဲ့ အလှမွေးငါးမျိုးစိတ်တစ်မျိုးကို ဖော်ပြပေးသွားမှာပါ။ ဒါကတော့ Betta splendens လို့လည်း လူသိများတဲ့ Siamese တိုက်ခိုက်ရေးငါးဖြစ်ပါတယ်။
![Photo Credit – From Google](https://s9.kh1.co/__image/w=450,h=450,q=100/7b/7bcbb19194d95a64d7f5960b1d18d152e4b38eb9.jpg)
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=458,q=100/06/06549272204aa1e3d9d03213f6afea162b3a5080.jpg)
ဒီငါးမျိုးစိတ်က ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့အပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံအများအပြားမှာ ပေါက်ဖွားတဲ့ ရေချိုငါးမျိုးစိတ်ပါ။ Siamese ငါးတွေဟာ ရှည်လျားတဲ့ ဆူးတောင်များ ၊ ငါးအထီးများရဲ့ ရန်လိုတဲ့ အပြုအမူ နှင့် ဆွဲဆောင်မှုရှိတဲ့ အရောင်အသွေးများကြောင့် လူသိများပါတယ်။
![Photo Credit – From Google](https://s9.kh1.co/__image/w=500,h=388,q=100/12/12df25353603aad2a3c7fa5119517852b860b152.jpg)
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=306,q=100/ed/ed77f7cc253183a96e9b14317068466e584bcd5f.jpg)
Siamese တိုက်ခိုက်ရေးငါးများကို အများအားဖြင့် လှောင်အိမ်ငယ်များမှာ အလှမွေးမြူထားရှိလေ့ရှိပြီး သူတို့ကို မွေးမြူရင်တော့ ရေအပူချိန် 75-82°F (24-28°C) နှင့် ပုံမှန်ရေပြောင်းလဲမှု၊ စစ်ထုတ်မှုတို့ဖြင့် ကောင်းမွန်တဲ့ ငါးကန်တစ်ခုလိုအပ်မှာ ဖြစ်ပါတယ်။
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=293,q=100/0c/0c2c5226cc5875fa9f02321b7356effa1e16fa2d.jpg)
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=434,q=100/0e/0e10562bf595988e07800e53f9b821f86aef0f74.jpg)
အများအားဖြင့်တော့ Siamese ငါးများဟာ ရေတိမ်၊ ရေဆင်းနှေးကွေးတဲ့ ချောင်းများနှင့် စပါးခင်းများမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့ အစာအနေနဲ့ အင်းဆက်ငယ်များ၊ သားလောင်းများနှင့် အခြားကျောရိုးမရှိတဲ့ တိရစ္ဆာန်များကို စားသောက်ကြပါတယ်။
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=650,q=100/63/630b0797b5b389105fbad234b65eacc2aa16b5f8.jpg)
သတင်း အရင်းအမြစ်៖ Source - thetimes