ဂြိုလ်သားနဲ့ဆင်တူပြီး ပင့်ကူလိုလို ကင်းမြီးကောက်လိုလို ထူးထူးဆန်းဆန်း တိရစ္ဆာန်

//s9.kh1.co/49/4949a85163c685528e3d0006de88575e17efacbd.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

ကြောက်စရာကောင်း‌အသွင်အပြင်ရှိကြတာတော့ အမှန်ပါပဲ......

Vinegaroon ဟာ ဂြိုလ်သားနဲ့ ခပ်ဆင်ဆင်တူပြီး သေးငယ်တဲ့ အနက်ရောင် သဲကန္တာရ တိရစ္ဆာန်ဖြစ်ပါတယ်။ သူတို့ဟာ AAA ဘက်ထရီထက် အလေးချိန်နည်းပြီး ဒီလို ကြမ်းတမ်းတဲ့ ပုံပန်းသဏ္ဍာန်ရှိပေမယ့် တိရစ္ဆာန်တွေဟာ လူသားတွေအတွက် အန္တရာယ်မရှိပါဘူး။ ကြည့်လိုက်ရင်လည်း ပင့်ကူလိုလို ကင်းမြီးကောက်လိုလိုပါပဲ။ ပင့်ကူတွေနဲ့ ကင်းမြီးကောက်တွေလိုပဲ Vinegaroons တွေဟာ ကျောရိုးမဲ့ တိရစ္ဆာန် အမျိုးအစားဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/0d/0d4f9928fd93a8f84256206749fb31572a15d889.jpg

တစ်ခါတစ်လေမှာ သူတို့ကို ကြာပွတ်အမြီးနဲ့ ကင်းမြီးကောက်လို့ခေါ်ပါတယ်။ သူတို့ဟာ အဆိပ်မရှိကြပါဘူး။ ဒါပေမယ့်ခြိမ်းခြောက်ခံရမယ်ဆိုရင် သူရဲ့ဝမ်းဗိုက်ထဲက ဂလင်းတွေကနေချဉ်တဲ့အနံ့ရှိတဲ့ အက်ဆစ်တွေကို ဖြန်းပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ သူတို့နာမည်ဟာ ရှာလကာရည် (Vinegar) နဲ့ဆင်တူနေတာပါ။

https://s9.kh1.co/__image/w=650,h=433,q=100/a8/a80617a0a3db5ef69969ec65dbd9c1b4bb30dbae.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a3/a365feaa68712b4af90a6b64adf5e9ed58f7b3b4.jpg

ထွက်လာတဲ့ ရေမှုန်ရေမွှားတွေဟာ တခြားသားကောင်ရဲ့မျက်လုံးတွေကို ထိမိတဲ့အခါ ယာယိမျက်စိကွယ်စေတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ တစ်ခါတစ်လေမှာ လူ့အရေပြားကို ယားယံစေနိုင်ပါတယ်။ သူတို့အတွက် အက်ဆစ်ဟာ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ လက်နက်တစ်ခုပါပဲ။ တချို့က ဒီတိရစ္ဆာန်ကို အိမ်မွေးတိရစ္ဆာန်အဖြစ်တောင် မွေးထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/e9/e9974604c4abf3dd7a30047945a8a1dfebc1c4e6.jpg

သတင်း အရင်းအမြစ်National Geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T