ကမ္ဘာ့အကြီးဆုံး တိုက်တန်ပိုးကောင်ဟာ ခြောက်လက်မခွဲခန့် ရှည်နိုင်ပါတယ်။ သူတို့ဟာ တောင်အမေရိကရှိ အပူပိုင်းမိုးသစ်တောတွေမှာ နေထိုင်ကြပြီး အထူးသဖြင့် မြောက်ဘရာဇီး၊ ကိုလံဘီယာ၊ ပီရူး၊ အီကွေဒေါနဲ့ ဂီယာနက်စ်မှာ နက်ရှိုင်းစွာ နေထိုင်ကြပါတယ်။

ခြိမ်းခြောက်ခံရပါက ဒီကြီးမားတဲ့ပိုးကောင်တွေဟာ တုန်လှုပ်နေပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ရန်လိုခြင်းတော့မရှိပါဘူး။ သူတို့ဟာ သူတို့ကိုယ်သူတို့ ချွန်ထက်လှတဲ့ မေးရိုးတွေနဲ့ ကာကွယ်တတ်ပါတယ်။ သူတို့ရဲ့ မေးရိုးဟာ ခဲတံတွေ ပလပ်စတစ်ပေတံတွေကို ချိုးဖျက်နိုင်ပြီး လူတစ်ယောက်ရဲ့ အသားကိုတောင်ဖြတ်ဖို့လုံလောက်ပါတယ်။ ဒါကြောင့် တိုက်တန်တွေနဲ့ သွားမရှုပ်မိပါစေနဲ့။

တိုက်တန်သားလောင်တွေဟာ မြေအောက်မှာ ဆွေးမြေ့နေတဲ့ သစ်သားတွေကို စားပြီးနောက် အရွယ်ရောက်ဖို့ ရက်သတ္တပတ်အနည်းငယ်သာ ကုန်ဆုံးပါတယ်။ ရာသီဥတုအပူဆုံးနဲ့ အစိုစွတ်ဆုံးအချိန်မှာ သူတို့ဟာ မိတ်လိုက်ဖို့အတွက် ထွက်လာတဲ့ pheromones ရဲ့ ရနံ့နောက်ကို လိုက်ခြင်းဖြင့် အဖော်ရှာကြပါတယ်။ ဒီရနံ့ဟာ လေထုထဲကနေထုတ်လွှတ်တဲ့ ဓာတုဗေဒဆိုင်ရာ ဆွဲဆောင်မှုရနံ့ဖြစ်ပါတယ်။

တောက်ပတဲ့မီးအလင်းရောင်နဲ့ တိုက်တန်အထီးတွေကို ညအချိန်မှာ ဖမ်းဆီးနိုင်ကြပေမယ့် အမတွေကိုတော့ ဒီလိုမီးအလင်းရောင်နဲ့ ဆွဲဆောင်မဖမ်းဆီးနိုင်ပါဘူး။ အလင်းနဲ့ဖမ်းခြင်းမဖြစ်မီက ဒီပိုးကောင်တွေဟာ ရှာတွေ့ဖို့အလွန်ခက်ခဲပါတယ်။ ၁၉၁၀ ခုနှစ်တုန်းက ဘရာဇီးမှာ ညစာအတွက် ပြင်ဆင်နေတဲ့ ငါးရဲ့ ဗိုက်အတွင်းမှာ တိုက်တန်တစ်ကောင်ကို ရှားရှားပါးပါးတွေ့ရှိခဲ့ဖူးပါတယ်။ သတ္တဝါအများစုလိုပဲ တိုက်တန်ပိုးကောင်ဟာ သူတို့နေထိုင်ရာ မိုးသစ်တောများ လျင်မြန်စွာဖျက်ဆီးခံရကြောင့် ခြိမ်းခြောက်ခံရလျက်ရှိပါတယ်။

သတင်း အရင်းအမြစ်៖ Kids discover