ခွေးလည်းမဟုတ်သလို ကြောင်လည်းမဟုတ်ကြဘူးဆိုတဲ့ ဖော့ဆာ

//s9.kh1.co/6c/6ce49e23729f7972840fde8a0f1b52b92413179d.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇန်-၂၀၂၃ ၈am · လွန်ခဲ့သော တစ်နှစ် က

သူတို့ကို မဒါဂတ်စကာမှာ တွေ့ရှိနိုင်ပြီး............

Mongoose တွေနဲ့အမျိုးတော်ကြတဲ့ ဖော့ဆာဟာ အိန္ဒိယသမုဒ္ဒရာရှိ အာဖရိက ကျွန်းတစ်ခုဖြစ်တဲ့ မဒါဂတ်စကာက သစ်တောတွေမှာ ထူးခြားတဲ့ တိရစ္ဆာန်တစ်ကောင်ဖြစ်ပါတယ်။ နှာခေါင်းကနေ အမြီးအထိ အရှည် ၆ ပေအထိ ကြီးထွားလာနိုင်ပြီး အလေးချိန် ၂၆ ပေါင်အထိရှိတဲ့ ဖော့ဆာဟာ ကြောင်လို ခန္ဓာကိုယ်မျိုး ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/93/938f2a3c2d9801dcdb618434878b27ab09cebea2.jpg
https://s9.kh1.co/__image/w=650,h=348,q=100/f5/f55fcdaa45447a9171f7c65d8becf59b4c76de5b.jpg

သူတို့ဟာ မဒါဂတ်စကာမှာ မွေးဖွားတဲ့ အကြီးဆုံး တိရစ္ဆာန်နဲ့ ထိပ်တန်း တိရစ္ဆာန်တွေဖြစ်ကြပြီး တောဝက်ကနေ ကြွက်အထိ သူရဲ့ခြေသည်းတွေနဲ့ အခြားသတ္တဝါအများစုကို ကျက်စားလေ့ရှိပါတယ်။ Mongoose တွေနဲ့မတူဘဲ ကြောင်ကြီးတွေလိုပဲ ကြောက်စရာကောင်းတဲ့ ခြေသည်းတွေနဲ့ ကြောင်လိုမျိုး သွားတွေရှိပါတယ်။ သူရဲ့အမွှေးဟာ နီညိုရောင်ရှိပြီး သူရဲ့နှာခေါင်းဟာ ခွေးနဲ့ဆင်တူပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c3/c33b7eb158bd5f8060196eb301ce9ac2344f83a7.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ff/ffe3ca79998748ecbeb21e078b9ca0aa8aeab57b.jpg

ဖော့ဆာမှာ သစ်ပင်အကိုင်းအခက်တွေကြား အမဲလိုက်ခြင်းနဲ့ ရှောင်တိမ်းဖို့အတွက် အဆင်ပြေတဲ့အမြီးရှည် တစ်ခုလည်း ရှိပါတယ်။ သူ့ရဲ့အမြီးဟာ သစ်ကိုင်းတွေပေါ်မှာ လမ်းလျှောက်တဲ့အခါ ဟန်ချက်ညီအောင်လုပ်ပေးနိုင်ပြီး ဘာကြောင့်ဒီလိုလုပ်နိုင်လဲဆိုတာကို သိပ္ပံပညာရှင်တွေအနေနဲ့လည်း လေ့လာကြည့်ရှုဖို့ အခက်အခဲရှိနေတုန်းပါပဲ။

https://s9.kh1.co/__image/w=650,h=650,q=100/0c/0c559453d57598c96d93ca4999a7ce9d70103367.jpg

သတင်း အရင်းအမြစ်National Geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T