Anolis aquaticus ပုတ်သင်ညိုတွေ ဘာကြောင့် ရေကြာကြာငုပ်နိုင်ရတာလဲ…?

https://s9.kh1.co/4c/4cb94535d3d5726489632ab40dde8df140ace24c.jpg
ဗဟုသုတအဖြာဖြာ
 24-Jan-2023 1pm · 11 days ago

Anolis aquaticus ပုတ်သင်ညိုတွေ ဘာကြောင့် ရေကြာကြာငုပ်နိုင်ရတာလဲ…?

Anolis aquaticus ဆိုတဲ့ ပုတ်သင်ညိုက မကြာသေးမီကမှ ပညာရှင်တွေလေ့လာတွေ့ရှိခဲ့တဲ့ မျိုးစိတ်သစ်တစ်ခုပါ။ ဒီမျိုးစိတ်တွေကို ကော်စတာရီကာ အနောက်ဘက်ကမ်းရိုးတန်းမှာ  အများဆုံး တွေ့ရပါတယ်။ အန္တာတိကတိုက်က လွဲရင်တော့ အခြားမတူညီတဲ့ နေရာဒေသတိုင်းမှာ သူတို့ကို တွေ့နိုင်ပါတယ်။  Dactyloidae မျိုးစိတ်ထဲမှာတော့ အထူးအခြားဆုံး  မျိုးစိတ်ဆိုရင်လည်း မမှားပါဘူး။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ကျွန်တော်တွေ့ဖူးတဲ့ ပုတ်သင်ညိုတွေထဲမှာတော့ ဒီမျိုးစိတ်က ပထမဆုံးတွေ့ဖူးခြင်းဖြစ်ပါတယ်။ တော်တော်အံ့ဩစရာကောင်းပြီး ထူးခြားတဲ့ တိရစ္ဆာန်တွေထဲမှာ ပါပါတယ်။ ပညာရှင်တွေရဲ့ လေ့လာခဲ့တဲ့ မှတ်တမ်းတွေအရဆိုရင် Anolis aquaticus ပုတ်သင်ညိုတွေဟာ ချောင်းတွေ၊မြစ်တွေထဲမှာ သားရဲကောင်တွေထံမှ လွတ်မြောက်ဖို့ (သို့) အင်းဆက်ပိုးမွှားများကို ဖမ်းယူဖို့ အမြဲငုပ်လျှိုးလုပ်နေတဲ့သူ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒီပုတ်သင်ညိုတွေမှာ ထူးခြားတာတစ်ခုကတော့ သူတို့ရဲ့ ဦးခေါင်းထိပ်မှာ လေပူဖောင်းများလို ဖြစ်ပေါ်စေနိုင်တဲ့ အရေပြားရှိပါတယ်။ အဲ့ဒီ လေပူဖောင်းများလို လုပ်နိုင်တဲ့ အရေပြားကြောင့် သူတို့ဟာ ရေအောက်မှာ အနည်းဆုံး ၁၆ မိနစ်ခန့်နေနိုင်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - anoleannals

Zin Myo
Zin Myo

ဆက်စပ်သတင်း