ကမ္ဘာပေါ်မှာ မျိုးကွဲပေါင်း ၄၅၀၀၀ ကျော်လောက်ရှိကြတဲ့ Mite ကပ်ပါးကောင်

//s9.kh1.co/45/45e5c8cd5debcc816251b29b0cd52b181314bcf5.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာပေါ်မှာ မျိုးကွဲပေါင်း ၄၅၀၀၀ ကျော်လောက်ရှိကြတဲ့ Mite ကပ်ပါးကောင်

ကျွန်တော်တို့ကို အမြဲတိုက်ခိုက်နေတဲ့ သူတွေထဲမှာ ခြင် ၊ကြမ်းပိုး အပြင် Mite ဆိုတဲ့ အင်းဆက် ကပ်ပါးကောင်လေးတွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် Mite ကပ်ပါးကောင်လေးကို ရုတ်တရက် ကျွန်တော်တို့ မျက်လုံးနဲ့ မမြင်ရပါဘူး။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒီကောင်လေးတွေ ကိုက်ခံရရင် ရေစိုစွတ်နေတဲ့ အချိန်မှာဆို ပိုသိသာပါတယ်။ မသိရင်တော့ ခြင်ကိုက်ခံနေရသလိုမျိုးဖြစ်ပြီး  ကိုက်ခံရတဲ့ ခန္ဓာကိုယ်က အရေပြားဟာ ချက်ချင်းဆိုသလို နီမြန်းသွားပါတယ်။ ဒီလို Mite ကပ်ပါးကောင်လေးတွေ ကိုက်တာကိုတော့ လူတိုင်းကြုံဖူးကြမှာပါ။

Photo Credit – From Google
Photo Credit – From Google

 တကယ်တော့ ဒီကပ်ပါးကောင်လေးတွေကို arachnids လို့ခေါ်ကြပြီး သူတို့ကို ရေဓာတ်အမြဲရှိနေတဲ့ ရေလှောင်ကန်၊ အပင်များ၊ မြေဆီလွှာ၊ ရေပူစမ်းများ၊ တိရိစ္ဆာန်များ (ကပ်ပါးကောင်များ)၊ ဂျုံမှုန့်၊ အမှုန်အမွှားများနှင့် လူရဲ့အရေပြားတွေမှာ နေထိုင်ကြတဲ့ ကပ်ပါးကောင်လေးတွေ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သိပ္ပံပညာရှင်များရဲ့ ခန့်မှန်းခြေအရ ဒီကပ်ပါးမျိုးစိတ်က အစာအိမ်၊ အဆုတ်၊ တိရိစ္ဆာန်များရဲ့  ကိုယ်ခန္ဓာတစ်ရှူးများနှင့် နှာခေါင်းလမ်းကြောင်းများမှာ ၄၅၀၀၀ မှ ၄၈၂၀၀ အထိရှိတယ်လို့ ဆိုပါတယ်။ အသေးဆုံး မျိုးစိတ်က အရှည် ၀.၀၀၄ လက်မ (၀.၁ မီလီမီတာ) ခန့်ရှိပြီး အကြီးဆုံး ကိုက်မျိုးစိတ်မှာ ၀.၂၅  (၅ မီလီမီတာ) ဖြစ်ပါတယ်။ အချို့ကတော့ အဏုမှန်ပြောင်းနဲ့ ကြည့်မှသာ မြင်တွေ့ရတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - facts/animals/mite

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T