တူရကီနိုင်ငံရဲ့ ကောင်းကင်မှာ ထူးဆန်းတဲ့ တိမ်တိုက်တစ်ခု ဖြစ်ပေါ်

//s9.kh1.co/e7/e72d503b6bba5907ca3f51abd4b84a64051f8e34.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော ၁၀ လ က

တူရကီနိုင်ငံရဲ့ ကောင်းကင်မှာ ထူးဆန်းတဲ့ တိမ်တိုက်တစ်ခု ဖြစ်ပေါ်

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးက လျှို့ဝှက်ဆန်းကြယ်တဲ့ သဘာဝဖြစ်ရပ်ဆန်းတွေရှိတာကို အားလုံးလည်း သိကြမှာပါ။ တချို့သဘာဝဖြစ်ရပ်ဆန်းတွေကလည်း နက်နဲလွန်းတာကြောင့် ပညာရှင်တွေတောင် မေးခွန်းထုတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း တူရကီနိုင်ငံ၊ Bursa မြို့ရဲ့ ကောင်းကင်မှာ တစ်ခါမှ မမြင်ဖူးတဲ့ ထူးဆန်းတဲ့ တိမ်တိုက်ဖြစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့တဲ့ ပုံရိပ်တချို့ အင်တာနက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

Photo Credit - WorldForum
Photo Credit - WorldForum
Photo Credit - WorldForum
Photo Credit - WorldForum

အဲ့ဒီဖြစ်ရပ်က ဇန်နဝါရီ ၁၉ ရက်၊ ဒေသစံတော်ချိန်မှာဖြစ်ပေါ်ခဲ့ဖြစ်ပြီး ဒီလိုထူးဆန်းတဲ့တိမ်ပုံသဏ္ဍာန်ကြောင့် အင်တာနက်သုံးစွဲသူတွေကြားမှာ ထင်ကြေးအမျိုးမျိုးပေးခဲ့ကြပါတယ်။ အဆိုပါ တိမ်ဟာ နေထွက်လာတာနှင့်အမျှ လိမ္မော်ရောင်မှ အနီရောင်သို့ ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ အချို့ကလည်း ဒီတိမ်တိုက်ပုံစံဟာ "UFO" နဲ့တူတယ်လို့ ပြောကြသလို တချို့လူတွေကလည်း "မျက်လုံးပုံစံ" နဲ့တူတယ်လို့လည်း ပြောကြပါတယ်။

Photo Credit - WorldForum
Photo Credit - WorldForum
Photo Credit - WorldForum
Photo Credit - WorldForum

တကယ်တော့ ဒီတိမ်ဟာ တိမ်လှိုင်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ၎င်းဟာ မြေပြင်အနီးရှိ လေထုအလွှာ (တောင် သို့မဟုတ် မြစ်ကဲ့သို့) သဘာဝအတားအဆီးတစ်ခုနှင့် တိုက်မိပြီး လေတိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ တူရကီ အမျိုးသား မိုးလေဝသ အေဂျင်စီက ဖော်ပြထားပါတယ်။

Photo Credit - WorldForum
Photo Credit - WorldForum

သတင်း အရင်းအမြစ်Source - mingalapar/WorldForum

Zin Myo
Zin Myo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T