ကမ္ဘာပေါ်ရှိ တွေ့ဖူးသမျှ မျှော့တွေထဲမှာ အရောင်အသွေးစုံစုံနဲ့ အလှပဆုံးဖြစ်တဲ့ ပင်လယ်မျှော့

//s9.kh1.co/9f/9fc927fc1e37e62ca2ed012a31ea35f2a0cb126e.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာပေါ်ရှိ တွေ့ဖူးသမျှ မျှော့တွေထဲမှာ အရောင်အသွေးစုံစုံနဲ့ အလှပဆုံးဖြစ်တဲ့ ပင်လယ်မျှော့

Nudibranch ဆိုတဲ့ ပင်လယ်မျှော့များကို သင်တွေ့ဖူးပါသလား ။ ဒီပင်လယ်မျှော့က တွေ့ဖူးသမျှ မျှော့တွေထဲမှာ အရောင်အသွေးစုံစုံနဲ့ အလှပဆုံးဖြစ်တဲ့ မျှော့တွေဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

nudibranch မျိုးစိတ်ပေါင်းက ၃၀၀၀ ကျော်ရှိပြီး အများစုဟာ ရေတိမ်၊ ရေနက် အားလုံးမှာ နေရာမခွဲခြားဘဲ နေထိုင်ကြပါတယ်။ ပြီးတော့ အရွယ်ရောက်ပြီးတဲ့  မျှော့တစ်ကောင်ဟာ တစ်လက်မရဲ့ လေးပုံတစ်ပုံမှ ၁၂ လက်မအထိ ရှည်နိုင်ပြီး အလေးချိန် ၃.၃ ပေါင်အထိ ရှိနိုင်ပါတယ်။  

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒီပင်လယ်မျှော့များမှာ သတိထားမိတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲ့တာက  သရေစာများရှာဖွေဖို့အတွက် သူတို့ရဲ့ နေထိုင်ရာနေရာတစ်ဝိုက်မှာ အချိန်ဖြုန်းကြတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီမျှော့တွေရဲ့ အားနည်းချက်ကတော့ ရေထဲမှာ ကောင်းကောင်းကြီး မကူးခတ်နိုင်ကြပါဘူး။ အားသာချက်ကတော့ သူတို့ဟာ အလင်းရောင်နှင့် အရောင်တွေကို ကောင်းကောင်းကြီး ခွဲခြားနိုင်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

တကယ်တော့ Nudibranchs များဟာ hermaphrodites များဖြစ်ကြပါတယ်။ ဆိုလိုတာက သူတို့မှာ အထီးရော အမရော နှစ်ဦးစလုံးမှာ လိင်အင်္ဂါနှစ်ခုလုံးရှိလို့ ဖြစ်ပါတယ်။ မိတ်လိုက်တဲ့ အခါမှာ အမများရဲ့ gametes များကို  အထီးများရဲ့ gametes များက သွားရောက်ထိတွေ့တဲ့ နည်းလမ်းကိုပဲ အသုံးပြုကြတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ပြီးတော့ သူတို့ဟာ အစာစားတဲ့အခါမှာ အလွန်ဇီဇာကြောင်တတ်တဲ့ သူတွေဖြစ်ပါတယ်။  အများသောအားဖြင့် သန္တာကျောက်တန်းများ၊ ရေမြှုပ်များ၊ anemones နှင့် အခြား ရောင်စုံအစားအစာများကို စားသောက်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - twinkl.n

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T