အံ့ဩဖွယ်ကောင်းလောက်အောင် သစ်ရွက်တစ်ရွက်လို ဟန်ဆောင်နေနိုင်ကြတဲ့ ပင့်ကူမျိုးစိတ်

//s9.kh1.co/76/76ba6de29e731339d19d712e598e6098f53a7bda.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော တစ်နှစ် က

ငှက်တွေကို အရူးလုပ်နိုင်ကြသူများ......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

သာမာန်အခြေအနေမျိုးမှာ အမှိုက်ပုံ ပုံစံနဲ့တူတာဟာ မကောင်းပေမယ့်လို့ ငှက်ပစ်ပင့်ကူ Celaenia excavata အတွက်တော့ ဒီဆင့်ကဲဖြစ်စဉ်ဗျူဟာဟာ အသက်ကယ်တစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/d0/d002facfb211fe7f2e3660c0ac1eea29a10da582.jpg

ဩစတေးလျနဲ့ နယူးဇီလန်တို့မှာ တွေ့ရှိရတဲ့ အလတ်စား Arachnid ပင့်ကူဟာ အညိုရောင်၊ အနက်နှင့် အဖြူစတဲ့ အစွန်းအထင်းများဖြင့် သေးငယ်ပြီး တြိဂံပုံရှိတဲ့ ခန္ဓာကိုယ်ရှိပါတယ်။ နေ့ခင်းဘက် အနားယူတဲ့အခါ ခြေထောက်တွေကို ခန္ဓာကိုယ်နဲ့ ဆန့်တန်းပြီး လတ်လတ်ဆတ်ဆတ် ကြွေကျလာတဲ့ ငှက်တစ်ကောင်လို ထင်ရှားစေပါတယ်။ ဒီလိုမျိုးနေနိုင်တာကြောင့် အစာရှာငှက်တွေဟာ သူတို့ကို တွေ့မြင်တဲ့အခါ သစ်ရွက် သစ်ချောင်းလို့ပဲ မြင်တွေ့ရပါတယ်။ ဒီနည်းနဲ့ သူတို့ဟာ ငှက်တွေဆိကနေ ကာကွယ်နိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=555,q=100/57/57cb6c6f869321abe8da5371541ccd9ebb285ab3.jpg

ဒါပေမယ့် နေဝင်ပြီးနောက်မှာ ပင့်ကူဟာ သူ့ရဲ့သားကောင်ကို ဖမ်းမိစေဖို့ သူ့ရဲ့ အတုခိုးခြင်းစွမ်းရည်ကို အခြားအဆင့်ကို ပြောင်းလဲလိုက်ပါတယ်။ ပင့်ကူဟာ သူ့ရဲ့ရှေ့ခြေထောက်များကိုဆန့်ကာ သစ်ပင်ပေါ်မှ ဇောက်ထိုးကြိုးဆွဲချပြီး မိတ်ဖက်များကို ဆွဲဆောင်ဖို့အတွက် အမပိုးဖလံများမှ ထုတ်လွှတ်တဲ့ လေထုထဲက လိင်ဖီရိုမိုနကို တုပတဲ့ ဓာတုရနံ့ကို ထုတ်ပေးပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/f4/f4a15800b485fb1587b5913409e9cc3d949323c8.jpg

ဒီအခါမှာ အချစ်ကိုရှာနေတဲ့ ပိုးဖလံထီးတွေဟာ ရနံ့ဆီ ဦးတည်ပျံသန်းကြတဲ့အခါ ပင့်ကူတွေဟာ ဆိုးဆိုးရွားရွား ဖမ်းယူ ဝါးမြိုပြီး ပိုးနဲ့ထုပ် သိမ်းထားကြပါတယ်။

https://s9.kh1.co/__image/w=600,h=430,q=100/8c/8ced27e819e30d6f9d23186c504d94fbdcb5b4a3.jpg
https://s9.kh1.co/__image/w=650,h=291,q=100/4a/4acd06a541caaac7fdaaa7534cdae0b78c88d30e.jpg

သတင်း အရင်းအမြစ်science focus

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T