ယနေ့ချိန်မှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်တဲ့ လူတစ်ယောက်အရွယ်ရှိ ဧရာမပင်ဂွင်းကြီးများ

//s9.kh1.co/61/6152ea29d4c067dfec7919f30ca6c6cc634f189e.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-နို-၂၀၂၂ ၁၀am · လွန်ခဲ့သော တစ်နှစ် က

ယနေ့ချိန် မြင်တွေ့နေရတဲ့ ပင်ဂွင်းတွေထက်ကို ကြီးမားကြတဲ့.........(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ယနေ့ခေတ် အကြီးဆုံးပင်ဂွင်းများမှာ Emperor Penguins မျိုးနွယ်ဖြစ်ပါတယ်။ အကြီးဆုံး ပင်ဂွင်းဖြစ်နေပေမယ့်လို့ သူတို့ဟာ အရပ်သုံးပေခန့်သာရှိပြီး ကိုယ်အလေးချိန် ပေါင်တစ်ရာအောက်သာရှိကြပါတယ်။ နှိုင်းယှဉ်ကြည့်ရင် Inkayacu ဟာ ခန့်မှန်းခြေအားဖြင့် အရပ်ငါးပေရှိပါတယ်။ ကံကောင်းစွာပဲ သိပ္ပံပညာရှင်များဟာ ပျော့ပျောင်းတဲ့ တစ်ရှူးများနှင့် အမွေးများပါရှိတဲ့ Ikayacu ကို ကောင်းစွာထိန်းသိမ်းထားတဲ့ ရုပ်ကြွင်းတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ အမွေးမှာ အရောင်ဖန်တီးပေးတဲ့ Melanosomes (မယ်လာနိုဆုန်း) ဆဲလ်များဟာ ကျောက်ဖြစ်ရုပ်ကြွင်းမှာ ရှိနေပါသေးတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b2/b299e9fc00bdabc65b8aa046d5b373623709317f.webp
https://s9.kh1.co/__image/w=304,h=405,q=100/d4/d424840a950a63df1d926a4c023e810a807aec0d.jpg

သိပ္ပံပညာရှင်များဟာ ရုပ်ကြွင်းရဲ့ မယ်လာနိုဆုန်းများကို သက်ရှိပင်ဂွင်းငှက်များနှင့် မျိုးစိတ်ရဲ့ အရောင်များကို ဆုံးဖြတ်ဖို့ နှိုင်းယှဉ်ခဲ့ကြပါတယ်။ ပျောက်ကွယ်သွားပြီးဖြစ်တဲ့ ပင်ဂွင်းကြီးတွေရဲ့ အရောင်ဟာ မီးခိုးရောင်နှင့် သံချေးရောင်ရှိပါတယ်တဲ့။ Inkayacu နှင့် ယနေ့ခေတ် ပင်ဂွင်းငှက်များကြား သိသာထင်ရှားတဲ့ ခြားနားချက်မှာ သူ့ရဲ့နှုတ်သီးပုံသဏ္ဍာန်ဖြစ်ပါတယ်။ သူ့ရဲ့နှုတ်သီးဟာ ဗျိုင်းရဲ့ရှည်လျားတဲ့နှုတ်သီးနဲ့ ပိုတူပါတယ်။

https://s9.kh1.co/__image/w=525,h=358,q=100/32/32b8d43c402581ef0ff59705e6c239a0de603c41.jpg
https://s9.kh1.co/__image/w=650,h=390,q=100/e4/e4a63add23dd62f189aa14b897cba3a30bc74ebb.jpg

သူတို့ဟာ ကြီးမားတဲ့ ပင်ဂွင်းမျိုးစိတ်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်ခဲ့တဲ့ ပင်ဂွင်းမျိုးစိတ်ငါးဆယ်ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲ့ဒီအထဲမှာ ဧရာမမျိုးစိတ် တစ်ဒါဇင်ခန့်ရှိတဲ့ အုပ်စုတစ်ခုအပါအဝင်ဖြစ်ပါတယ်။ New Zealand မှာတွေ့ရှိခဲ့တဲ့ ပင်ဂွင်းကြီး Kairuku ဟာ လေးပေကျော်မြင့်ပါတယ်။ ဧရာမပင်ဂွင်းအကောင်ရေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ့်ငါးသန်းခန့်က စတင်ကျဆင်းလာခဲ့ပါတယ်။ သွားရှိတဲ့ ဝေလငါးများ ပေါ်ထွန်းလာခြင်းကြောင့် အဆိုပါ ကြီးမားတဲ့မျိုးစိတ်များ မျိုးသုဉ်းသွားတယ်လို့ သိပ္ပံပညာရှင်များက ယူဆကြပါတယ်။ ဝေလငါးများဟာ ဧရာမပင်ဂွင်းများကို အစာအတွက် စားသုံးနိုင်ဖွယ်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f7/f757d85205e1777fa8db29b22d98712a8fa58b41.jpg
https://s9.kh1.co/__image/w=650,h=366,q=100/68/6814a1a809fb9bae58cbb4611e5c64d2b4b4c20d.jpg

သတင်း အရင်းအမြစ်indiana public media

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T