သမိုင်းမှာ တစ်ကောင်တည်းရှိမယ့် ရေလွှာလျှောစီးနိုင်တဲ့ ဆင်ကြီး

//s9.kh1.co/22/22f91dc24f4da89c76ee13b1c8f84515de7c43f4.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော တစ်နှစ် က

ရှားပါးဓာတ်ပုံတစ်ပုံလို့တောင် ပြောလို့ရနိုင်တဲ့ ဒီပုံဟာ.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အောက်မှာတော့ ရေလွှာလျှောစီးနိုင်တဲ့ ဆင်တစ်ကောင်ရဲ့ ဆပ်ကပ်ဖျော်ဖြေမှုကို ဖော်ပြထားပါတယ်။ ဆပ်ကပ်သမိုင်းမှာ အံ့ဩစရာကောင်းတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=480,q=100/35/35a6dea1cb9e272d19af3eebb9d731efca038d4e.jpg

ဒီပုံကို ၁၉၅၆ ခုနှစ် မတ်လ ၂၃ ရက်မှာ ဖလော်ရီဒါပြည်နယ် Sarasota မြို့မှာရှိတဲ့ Sunshine Springs လို့ ခေါ်တဲ့ နေရာတစ်ခုမှာ ရိုက်ထားတာဖြစ်ပြီး Ringling Circus ရဲ့ ဖျော်ဖြေပွဲတစ်ခုမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ အဲ့ဒီအချိန်အခါတုန်းက Aqua belles အဖွဲ့ရဲ့အကောင်းဆုံးပြကွက်ထဲက တစ်ခုဖြစ်ပြီး သူတို့ရဲ့နာမည်လိုပဲ ရေပေါ်မှာ ပြတဲ့ ပြကွက်တွေမှာ နာမည်ကျော်ကြား ကြပါတယ်။

https://s9.kh1.co/__image/w=650,h=416,q=100/1f/1f6def02bb3fc7f5c08a7493dcc1a9dfecc152fa.jpg

ဒါပေမယ့် ပရိသတ်များ အနှစ်သက်ဆုံးလို့ ထင်ရတဲ့ အရာမှာ အဖွဲ့ဟာ သူတို့နှင့်အတူ ရေလွှာလျှောစီးဖို့ အမှန်တကယ် လေ့ကျင့်ပေးခဲ့တဲ့ ဆင်တစ်ကောင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=476,q=100/b5/b5d1b92b4adbf87b9da59053b4af2b5fb295661c.jpg

"Queenie" လို့အမည်ပေးထားတဲ့ ဆင်ဟာ အသက်ငါးဆယ်ကျော်ကာလအတွင်း Ringling Circus ရဲ့ ကြယ်ပွင့်ဖြစ်လာခဲ့ပါတယ်။ Queenie ရဲ့ တစ်စိတ်တစ်ပိုင်း ကျေးဇူးကြောင့် Ringling ဆပ်ကပ်ဟာ နာမည်ကြီးလာခဲ့ပါတယ်။ ဒါပေမယ့် ယနေ့လိုအချိန်မျိုးမှာတော့ ဒီလိုပြကွက်မျိုးကို မြင်ရတော့မှာ မဟုတ်သလို ဒါဟာတိရစ္ဆာန်တွေကို အတင်းအကျပ် ပြုလုပ်စေခိုင်းတာမျိုး ဖြစ်နေပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=498,q=100/59/592a9dd4c8e7bf8b5d4255e6071905225db2f770.jpg

သတင်း အရင်းအမြစ်iconic historical photos

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T