ကျီးကန်းတွေက လူတွေကို ရန်ငြိုးထားတတ်တယ်ဆိုတာ သိပါသလား...?

https://s9.kh1.co/4b/4b92de60a4e0c206e79dc7a739f5e80b8dd13342.jpg
ဗဟုသုတအဖြာဖြာ
 30-Sep-2022 3pm · 2 months ago

.

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ကျီးကန်းတွေဟာ ကျွန်တော်တို့ လူသားတွေရဲ့ မျက်နှာကို မှတ်မိနိုင်ပြီး အထူးသဖြင့် သူတို့ကို အန္တရာယ်ပြုဖို့လုပ်တဲ့ သူတွေဆိုရင် ပိုပြီးမှတ်မိကြတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက သူတို့ ကို ချစ်ကြတဲ့ သူတွေနှင့် မုန်းကြတဲ့ သူတွေကို ကောင်းရင်ကောင်းသလို ဆိုးရင်ဆိုးသလို ပြန်လည်တုံ့ပြန်ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဒီစမ်းသပ်ချက်ကို ဝါရှင်တန်တက္ကသိုလ်မှ သတ္တဗေဒပညာရှင် John Marzluff ဦးဆောင်တဲ့ သုတေသနအဖွဲ့က ကျီးကန်း ၁၅ ကောင်းကို လှောင်အိမ်ထဲမှာ ပိတ်လှောင်ထားခဲ့ပြီးနောက် မတူတဲ့ နေရာ ၅ ‌နေရာမှာ ရောဘာမျက်နှာဖုံးမတူတာတွေတပ်ပြီး လွှတ်ပေးခဲ့ပါတယ်။ 

Photo Credit – From Google
Photo Credit – From Google

အဲ့ဒီနောက် မျက်နှာဖုံးတွေကို ကျီးကန်းတွေ ဘယ်လို့ တုံ့ပြန်မလဲဆိုတာကို စမ်းသပ်ခဲ့ကြပါတယ်။ ပထမနှစ်အပတ်မှာ  ရန်သူ့မျက်နှာဖုံးတွေတပ်ထားတဲ့ ပညာရှင်တွေ ကြုံတွေ့ခဲ့ရတာက ကျီးကန်းတွေရဲ့ တုံ့ပြန်တဲ့ ၂၆ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ အတောင်ပံတွေကို ထပ်ခါတလဲလဲ  တဖြန်းဖြန်းရိုက်ခတ်ပြီး ကြမ်းကြမ်းတမ်းတမ်း ဆူပူကြိမ်းမောင်းခဲ့ကြပါတယ်။ တစ်ခါတစ်ရံမှာ ကျီးကန်းတွေက အုပ်စုလိုက် ငုပ်လျှိုးပြီး ထိုးဆိတ်ဟန်ပြုခဲ့ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

နောက်တစ်နေ့မှာ မတူတဲ့ အခြားမျက်နှာဖုံးများကို တပ်ဆင်လိုက်တဲ့ အခါမှာ ကျီးကန်းတွေက  ပုံမှန်အတိုင်း ဘာမှမတုံ့ပြန်ဘဲ ကြည့်ပဲကြည့်ခဲ့ကြပါတယ်။ အဲ့လို စမ်းသပ်ခဲ့ပြီး ၃ နှစ်ကျော်လောက်မှာ ကျီးကန်းတွေရဲ့ ရန်ငြိုးထားခြင်းခံရတဲ့ လူတွေက ၆၆ ရာခိုင်နှုန်းလောက်ရှိခဲ့ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ကျီးကန်းတွေက ဉာဏ်ရည်ထက်မြတ်တဲ့ တိရစ္ဆာန်တွေထဲမှာလည်း ပါဝင်ပြီး သူတို့ရဲ့ မျက်လုံးက အရမ်းကို လျင်ပါတယ်။ သူတို့ရဲ့ သားကောင်ပဲ ဖြစ်ဖြစ် ရန်သူပဲဖြစ်ဖြစ်  အဝေးကနေ ကောင်းစွာမြင်ရနိုင်စွမ်းရှိကြပါတယ်။ ပြီးတော့ တစ်ကောင်တည်းထက် အုပ်စုဖွဲ့ နေရတာကို ကြိုက်နှစ်သက်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - thefactsite

Zin Myo
Zin Myo

ဆက်စပ်သတင်း