ပင်ဂွင်းလေးတွေမှာ သွားပါလားဆိုတဲ့ မေးခွန်းက လူတော်တော်များများ တွေဝေသွားစေတဲ့ မေးခွန်းတစ်ခုပါ။ တချို့ကလည်း သွားများပါတယ်လို့ ပြောကြသလို တချို့သောသူများကလည်း သူတို့မှာ သွားများပါတယ်လို့ အမျိုးမျိုးပြောဆိုကြပါတယ်။

တကယ်တော့ ပင်ဂွင်းလေးတွေမှာ သွားများမရှိကြပါဘူး။ ဒါပေမယ့် သစ်ကုလားအုတ်တွေလိုမျိုး သူတို့ရဲ့ လျှာ နှင့် အာခေါင်မှာ “Serrated” လိုခေါ်တဲ့ အဆူးအမျှင်လေးတွေတော့ ပါရှိကြပါတယ်။ အချို့က အဲ့ဒီအရာလေးတွေကို သွားတွေလို့ ထင်နေကြတာပါ။

ဒီအဆူးအမျှင်လေးတွေကို အထင်တော့မသေးပါနဲ့ သူတို့အတွက် တကယ့်ကို အသုံးဝင်ပါတယ်။ ဖမ်းဖို့ အလွန်ခက်ခဲတဲ့ သားကောင်တွေကို မလွတ်သွားအောင် အဲ့ဒီအရာလေးတွေက ကူညီပေတာ ဖြစ်ပါတယ်။ အစာစားတဲ့ နေရာမှာလည်း ဝါးစားတာမဟုတ်ဘဲ ဘဲတွေလို မျိုချတာ ဖြစ်ပါတယ်။

သုတေသီများရဲ့ လေ့လာချက်တစ်ရက်မှာ ပင်ဂွင်းတွေဟာ သားကောင်မဟုတ်တဲ့ ကျောက်စရစ်ခဲတွေကို မျိုချတတ်ကြပါတယ်တဲ့။ သူတို့ မျိုလိုက်တဲ့ ကျောက်စရစ်ခဲတွေက ငါး (သို့မဟုတ်) အခြားသားကောင်များရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို ချေဖျက်ရာမှာ ကူညီပေနိုင်ပါတယ်။

ဒီအစာခြေနည်းကတော့ ပင်ဂွင်းတွေအတွက် မထူးခြားပါဘူး။ အခြားတိရစ္ဆာန်တွေ ဖြစ်တဲ့ ငှက်ကုလားအုတ်၊ ကျီးကန်းများနှင့် ကြက်များမှာလည်း သူတို့ရဲ့ အစာကြေစေဖို့အတွက် ကျောက်စရစ်ခဲများကို မျိုချကြပါတယ်။
သတင်း အရင်းအမြစ်៖ Source - a-z-animals