ဘေးကင်းတဲ့အစာဖြစ်ကြောင်းကို သေးပေါက်ပြီး အမှတ်အသားပြုကြတဲ့ ကြွက်များ

//s9.kh1.co/16/164059d8db4cf5cce238806651bc02fdccac1517.jpeg
ဗဟုသုတအဖြာဖြာ

 ၃၀-စက်-၂၀၂၂ ၁၀am · လွန်ခဲ့သော တစ်နှစ် က

ကြွက်တွေရဲ့ ဘေးကင်း‌ကြောင်း အမှတ်အသားကြီးက ကြောက်စရာ.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ကြွက်များဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ နေထိုင်ကြပြီး သူတို့ဟာ အသီးအရွက်မှ အစေ့အဆန်များ၊ အသားများအထိ အစားအစာမျိုးစုံကို စားသုံးနိုင်ကြပါတယ်။ ကမ္ဘာပေါ်မှာ ကြွက်တစ်ကောင်က ဘာစားရမယ်ဆိုတာ ဘယ်လိုသိကြလဲ။ သူတို့ အစားမှားရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ကြွက်တွေဟာ တွေ့ရာမစားဖို့ သူတို့အတွက် အရေးကြီးလှပါတယ်။

https://s9.kh1.co/__image/w=650,h=368,q=100/b1/b1d69b6e1e22a66ed933f4496ccc5d52bb0885cb.webp
https://s9.kh1.co/__image/w=650,h=489,q=100/5d/5dbc7f6e6f801579ea1d7825f621f5c477b8c9f0.jpg

ကြွက်များဟာ ဘာစားရမယ်ဆိုတာကို ရွေးဖို့ ဗျူဟာမျိုးစုံကို အသုံးပြုကြပါတယ်။ တစ်ခုအတွက်ကတော့ အစာအသစ်ရဲ့ သေးငယ်တဲ့အရသာကို ခံယူလိုစိတ်ရှိပြီး စားလိုက်လို့ ဖျားနာစေတယ်ဆိုရင် အဲဒီအစားအစာကို မစားတော့ပါဘူး။ သူတို့သုံးတဲ့ နောက်ထပ်နည်းပညာတစ်ခုကတော့ တခြားကြွက်တွေဆီကနေ သင်ယူဖို့ပါ။ အခြားကြွက်တစ်ကောင်က တစ်ခုခုကို စားသုံးမိရင် ဘေးကင်းဖို့ ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် မွေးကင်းစကြွက်များဟာ မိခင်နို့ကနေ ထွက်လာမယ့် အရသာရှိတဲ့ အစားအစာများကို စားသုံးဖို့ နှစ်သက်ကြပါတယ်။ ကြွက်မိခင်စားလိုက်တဲ့ အစားအစာအရသာတွေကို ကြွက်လေးတွေက နို့ကနေတစ်ဆင့် ခံစားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=411,q=100/ba/baa9edd11cdc4b377c912df2bf91693793d7841e.jpg
https://s9.kh1.co/__image/w=650,h=380,q=100/20/2083d2a08b78a85ee6f5716ef8bff3f3cd5d0bfb.jpg

ကြွက်များဟာ အခြား ကြွက်များ စားဖူးတဲ့ အစားအစာ နေရာမှာ စားသောက်ဖို့ နှစ်သက်ကြပါတယ်။ အစားစားတဲ့ကြွက်များဟာ သူတို့ရဲ့အစာနေရာကို လုံခြုံအောင် ဓာတုဗေဒနည်းနဲ့ မှတ်ထားကြပါတယ်။ ငယ်ရွယ်သေးတဲ့ကြွက်များက အဲ့လိုနေရာမှ စားဖို့နှစ်သက်ကြပါတယ်။ သူတို့တွေ အဲ့လိုအမှတ်အသားပြုတဲ့အခါ ဘယ်လိုမှတ်သားကြလဲဆိုတော့ သေးပေါက်ပြီးတော့ မှတ်သားကြပါတယ်။ အဲ့အခါမှ သေးပေါက်တဲ့ကြွက်နဲ့ အနံခံတဲ့ကြွက်ဆိုပြီး နှစ်မျိုးကွဲသွားပါတယ်။ အရွယ်ရောက်ပြီးသားကြွက်တွေက ဘေးကင်းတဲ့အစာကို အမှတ်အသားပြုဖို့ သေးပေါက်ကြပြီး ကြွက်ငယ်လေးတွေကတော့ အစာရှိတဲ့နေရာကို အနံ့ခံကြပါတယ်။

https://s9.kh1.co/__image/w=650,h=445,q=100/ea/ea9677a0834b130a74b3e63ad290f407a48a90db.jpg

သတင်း အရင်းအမြစ်The Critter Squad

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T