နွားတွေ မတ်တပ်ရပ်ပြီး အိပ်တတ်လား..?

//s9.kh1.co/40/4047fcb5e9bbdd8f82716fe404bbffc7164151c9.jpeg
ဗဟုသုတအဖြာဖြာ

 ၂၉-စက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

နွားတွေ မတ်တပ်ရပ်ပြီး အိပ်တတ်လား..?

နွားတွေက မတ်တပ်ရပ်ပြီး အိပ်တယ်ဆိုတာ သင်လည်းကြားဖူးကြမှာပါ။ ဒါက နွားမွေးထားတဲ့ တောင်သူကြီးတေွဆိုရင် ပိုပြီးသိကြမယ်လို့ ထင်ပါတယ်။ တကယ်တော့ နွားတေွက မတ်တပ်ရပ်ပြီး အိပ်ကြတာမှန်ပေမယ့် သူတို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာတော့ မဟုတ်ပါဘူး။ ပုံမှန်အိပ်ကြတာကတော့ နွားတွေက ခြေထောက်ပေါ် မှိန်းပြီး ပေါ့ပေါ့ပါးပါး အိပ်နိုင်ပေမယ့် REM အိပ်ချိန်နဲ့ ပတ်သက်လာရင် ကျန်တဲ့သူတွေလိုပဲ လှဲပြီး အိပ်ကြပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

ဒါကနွား‌တွေပဲ မဟုတ်ပါဘူး။ အခြား အကောင်းကြီးတဲ့ မြင်း ၊ ကြံ နှင့် ဆင်တွေလည်းပဲ အိပ်ကြပါတယ်။ University of Pennsylvania တိရစ္ဆာန်ဆေးပညာကျောင်းမှ လေ့လာချက်တစ်ခုမှာ နွားအပါအဝင် အဆိုပါ တိရစ္ဆာန်တွေရဲ့ လက်နဲ့ ခြေထောက်တွေမှာ "stay apparatus " ဆိုတဲ့ အရွတ်များပါရှိတာကြောင့် အချိန်တော်တော်ကြာ မတ်တပ်ရပ်ပြီး မှိန်းနေနိုင်တာလို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

အံ့သြစရာကောင်းတာ ကတော့ နွားတွေက အိပ်ချိန်နည်းနည်းလိုအပ်တဲ့ တိရစ္ဆာန်အချို့ပါ။ကျွန်တော်တို့ လူသားတွေက တစ်နေလျှင် အိပ်ချိန် အနည်းဆုံး ၇ နာရီလောက် လိုအပ်ပေမယ့် သူတို့ရဲ့ အိပ်ချိန်က အနည်းဆုံး ၄ နာရီခန့်သာ လိုအပ်ပါတယ်။ ဒါပေမယ့် ညဘက်မှာ လမ်းလျှောက်ပြီး မတ်တပ်ရပ်နေရင်တော့ အပြည့်အဝနိုးနေတာတော့ သေချာပါတယ်။ အချို့နွားတွေကတော့ လဲလျောင်းနေကြပေမယ့် သူတို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကောင်းစွာသိကြပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T