မိသားစုအတွက် အမဲလိုက်ခြင်းကို ၉၀ ရာခိုင်နှုန်းအထိ လုပ်ဆောင်တဲ့ ခြင်္သေ့အမများ

//s9.kh1.co/fe/fe206fc251eed1a3d0b3075c6069799074a01d69.jpeg
ဗဟုသုတအဖြာဖြာ

 ၂၉-စက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

မိသားစုအတွက် အမဲလိုက်ခြင်းကို ၉၀ ရာခိုင်နှုန်းအထိ လုပ်ဆောင်တဲ့ ခြင်္သေ့အမများ

တောဘုရင်လို့တောင် တင်စားခြင်းခံရတဲ့ ခြင်္သေ့များဟာ အလွန်ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့ တိရစ္ဆာန်ဖြစ်ပြီး တစ်ကောင်တည်းနေရတာထက် မိသားစုနဲ့ အတူတကွနေထိုင်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ခြင်္သေ့မိသားစုတစ်စုမှာ ၁၃ ကောင်မှ အကောင် ၃၀ လောက်အထိ ရှိတတ်ကြပါတယ်။ ကျွန်တော်တို့ လူသားတွေလိုမျိုး အမေ၊ ဖေဖေ၊ ညီအကို မောင်နှမများ၊ အဒေါ်များ၊ ဦးလေးများနှင့် ဝမ်းကွဲများ အားလုံး အတူတကွ နေထိုင်ကြတာပါ။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ခြင်္သေ့တွေဟာ တစ်ချိန်လုံး အုပ်စုဖွဲ့ အတူတူနေခဲ့ကြပေမယ့် သူတို့ရဲ့ အစာ (ဒါမှမဟုတ်) ရေ ရှာဖွေတဲ့အခါမှာ တစ်ကောင်ချင်းစီ ထွက်သွားကြပါတယ်။ မိသားစုပေါ်မှာ ရယ်မောပြီး ချစ်ခင်ကြပြီး ပွတ်သပ် နှုတ်ဆက်ကြ၊ ပွေ့ဖက်နမ်းရှုံ့သလိုမျိုးပြုမူတတ်ကြပေမယ့် သူတို့မိသားစုဝင်မဟုတ်ရင်တော့ ရက်စက်တတ်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒါပေမယ့် ခြင်္သေ့အထီး နှင့် ခြင်္သေ့အမ တွေကြားမှာ မတူတာက  အမဲလိုက်ခြင်းပါ။ အချို့သော တိရစ္ဆာန်တွေမှာ အထီးတွေကပဲ အမဲလိုက်ခြင်းကို ပိုမိုလုပ်ပေမယ့် ခြင်္သေ့အထီးတွေကတော့ အဲ့လိုမဟုတ်ပါဘူး။ ခြင်္သေ့အထီးတွေက အမဲလိုက်ခြင်းထက် မိသားစုကို ကာကွယ်ဖို့အတွက်သာ တာဝန်ယူကြတာဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒါပေမယ့် ခြင်္သေ့အမများက မိသားစုအတွက် အမဲလိုက်ခြင်းကို ၈၅ မှ ၉၀ ရာခိုင်နှုန်းအထိ လုပ်ဆောင်ကြပါတယ်။ အမဲလိုက်ခြင်းမှ ရလာတဲ့ သားကောင်တွေကိုလည်း အရွယ်ရောက်ပြီးတဲ့ သူများက အရင်စားကြပြီး နောက်မှ အမများနှင့် ကလေးများက စားသောက်ကြတာ ဖြစ်ပါတယ်။ သူတို့ မိသားစုကို အခြားသူများက ရန်ပြုလာရင် တစ်ကောင်တည်းမဟုတ်ဘဲ အုပ်စုဖွဲ့ပြီး ပြန်လည်တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - lionalert

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T