ကျွန်တော်အပါအဝင် လူတော်တော်များများက မြွေကိုကြောက်ကြပါတယ်။ တကယ်တော့ မြွေတွေဟာ တိရစ္ဆာန်တွေထဲမှာ ထူးခြားတဲ့ တိရစ္ဆာန်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ခြေလက်တွေမပါဘဲ သစ်ပင်တွေပေါ်ကို အလွယ်တကူ တက်နိုင်ကြတဲ့ အပြင် ကမ္ဘာပေါ်ရှိ ဘယ်နေရာမဆို နေထိုင်နိုင်ကြပါတယ်။ ပိုပြီး ထူးခြားတဲ့ တစ်ခုကတော့ မြွေတွေဟာ အနံ့ခံရာမှာ သူတို့ လျှာကို အသုံးပြုကြပါတယ်။ အနံ့ခံခြင်းရဲ့ အထူးနည်းလမ်းဟာ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို နားလည်ဖို့အတွက် သပ်ရပ်တဲ့ နည်းလမ်းများထဲက တစ်ခုလို့ ပြောလို့ ရပါတယ်။


အထူးသဖြင့် မြွေပွေးများ၊ စပါးအုံးမြွေများနှင့် စပါးအုံးမြွေများလိုပုံစံတူ အချို့မြွေများဟာ အခြားတိရစ္ဆာန်များမှ ထုတ်လွှတ်တဲ့ အပူကို ခံစားသိရှိနိုင်ပါတယ်။ သူတို့မှာ ကျွန်တော်တို့ လူသားတွေလို နှာခေါင်းပေါက်ပါတာ မှန်ပေမယ့် အနံ့ခံဖို့ထက် အသက်ရှုဖို့သာ အဓိကထားပါတယ်။

ဥပမာ - နာရီတော်တော်ကြာကြာ မျိုချရမယ့် သားကောင်တွေကို စားတဲ့အခါမှာ နှာခေါင်းကနေ အသက်ရှုဖို့က အလွန်အသုံးဝင်ပါတယ်။ ကျွန်တော်တို့ လူသားတွေကတော့ အဲ့လိုရှုလို့မရပါဘူး ။ တကယ်လို့ သင်မယုံရင် အစာမျိုချတဲ့ အချိန်ပဲဖြစ်ဖြစ် ၊ တံတွေးမျိုချတဲ့အချိန်ပဲဖြစ်ဖြစ် အသက်ရှုလို့ ရမရ စမ်းကြည့်ပါ ။မြွေတွေလို အသက်ရှုလို့ ရမှာမဟုတ်ပါဘူး။

မြွေတွေက အနံ့ကိုတော့ အာခေါင်မှာရှိတဲ့ Jacobson ဟုခေါ်တဲ့ အထူးအင်္ဂါတစ်ခုဖြင့် အနံ့ခံကြပါတယ်။ အဆိုပါ Jacobson က လျှာထိပြီး မြွေရဲ့ ဦးနှောက်ဟာ ပတ်ဝန်းကျင်ရှိ ဓာတုပစ္စည်းများကို အနံ့အဖြစ် အသိအမှတ်ပြုဖို့ ကူညီပေးပါတယ်။ မြွေတွေက Jacobson ရဲ့ ကိုယ်တွင်းအင်္ဂါကို အနံ့ခံဖို့ အသုံးပြုတဲ့ တစ်ခုတည်းသောတိရစ္ဆာန်တော့ မဟုတ်ပါဘူး။

အိမ်မြှောင် ၊ ဆာလမန်ဒါများ ၊ မြင်း ၊ ကြောင် နှင့် လိပ်များမှာလည်း တွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် မြွေများနှင့် အိမ်မြှောင်များမှာပဲ လျှာကို အနံ့ခံဖို့ အဆိုပါ Jacobson ကိုပဲအသုံးပြုကြတာပါ။ ဒါကြောင့် လူတွေက မြွေတွေကို သူတို့ရဲ့လျှာနဲ့ အနံ့ခံတယ်လို့ ထင်ကြတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - eu.pressconnects