လူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၂၀၁၉ တုန်းက တိုင်းတာချက်အရ ၇၂.၆ နှစ်ပဲရှိပါတယ်။ ဒါဟာ ပျမ်းမျှသာဖြစ်ပြီး မတူညီတဲ့နိုင်ငံတွေမှာ မတူညီတဲ့ အသက် သက်တမ်းတော့ ရှိပါတယ်။ ဆိုတော့ ခုဖော်ပြမှာက ကမ္ဘာပေါ်မှာ သက်တမ်း အတိုဆုံး တိရစ္ဆာန်အကြောင်းကို ဖော်ပြမှာ ဖြစ်ပါတယ်။ သူကတော့ Mayfly ဆိုတဲ့ ပုစဉ်းတစ်မျိုးပါပဲ။


ပုစဉ်းတစ်ကောင်ရဲ့ သက်တမ်းဟာ ဘယ်မျိုးစိတ်မဆို တိုတောင်းပေမယ့်လည်း Mayfly ကတော့ ပုစဉ်းတစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်းကိုပင် ရှက်စရာဖြစ်စေပါတယ်။ ဒီအင်းဆက်များဟာ ကမ္ဘာပေါ်မှာ အတိုဆုံး သက်ရှိတိရစ္ဆာန်များ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမျိုးစိတ်က ပုစဉ်းဟာ အရွယ်ရောက်ပြီးတဲ့အခါ သူ့ရဲ့ သက်တမ်းမှာ ၂၄ နာရီသာဖြစ်ပါတယ်။


မိတ်လိုက်ခြင်းဟာ ဘဝရဲ့ တစ်ခုတည်းသော ဦးစားပေး အဆင့်ဖြစ်ပါတယ်။ အဲ့ဒီအပြင် ဒီအင်းဆက်များဟာ အစာစားဖို့တောင် အချိန်မလုံလောက်တာကြောင့် သူတို့ရဲ့ နောက်ဆုံးပုံစံမှာ ပါးစပ်များပင် မဖွံ့ဖြိုးလာပါဘူး။ ဒါပေမယ့် Mayfly ဟာ သက်ရှိထင်ရှားရှိနေဆဲဖြစ်ကာ ပျံသန်းနိုင်တဲ့ အသက်အကြီးဆုံး အင်းဆက်မျိုးစိတ်အဖြစ် အသိအမှတ်ပြုခံထားရပါသေးတယ်။ သင်ရော အသက်ရှင်ဖို့ အတွက် ၂၄ နာရီပဲရှိရင် ဘာတွေလုပ်မှာလဲ။

သတင်း အရင်းအမြစ်៖ A-Z Animals