ပြီးခဲ့သည့်လ ၂၉ရက်နေ့က ထွက်ရှိခဲ့တဲ့ "Extraordinary Attorney Woo" ဇာတ်ကားဟာ Autism ရောဂါဖြင့် အမှုအခင်းအမျိုးမျိုးကို ဖြေရှင်းပေးနေတဲ့ ရှေ့နေမလေး Woo Young-woo ရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ENA ရဲ့ဒရာမာအမျိုးအစား "Extraordinary Attorney Woo" က Netflix ရဲ့ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ TV Show အမျိုးအစားမှာ နှစ်ပတ်ဆက်တိုက် ထိပ်ဆုံးမှရပ်တည်နေပါတယ်။
![https://s9.kh1.co/__image/w=650,h=347,q=100/73/7391bf4853f9c4aa2a73c5500ee277ef30713092.webp](https://s9.kh1.co/__image/w=650,h=347,q=100/73/7391bf4853f9c4aa2a73c5500ee277ef30713092.webp)
တရုတ်နိုင်ငံမှာ Netflix တရားဝင် ဝန်ဆောင်မှု မရှိပေမယ့်လည်း အင်တာနက်အသုံးပြုသူတွေက K-drama ကိုတရားမဝင်ကြည့်ရှုနေပါတယ်။ “Squid Game” နှင့် “Hellbound” တို့လို ဒရာမာဇာတ်လမ်းတွဲများကို တရားမဝင်ဒေါင်းလုဒ်လုပ်ခြင်းဟာလည်း ယမန်နှစ်တည်းက ပျံ့နှံ့ခဲ့ပါတယ်။ တရုတ်ရဲ့ အကြီးဆုံးအကြောင်းအရာပြန်လည်သုံးသပ်ခြင်းဆိုက် Doubanမှာ "Extraordinary Attorney Woo"ဒရာမာကို အမှတ်ပေးနေကြပြီး ဒရာမာအပေါ်သုံးသပ်ချက်အရေအတွက်ဟာလည်း ၂၀,၀၀၀ ကျော်လွန်သွားခဲ့ပါတယ်။
![https://s9.kh1.co/__image/w=650,h=366,q=100/f2/f24876825156e9a233512daae072570a55f157ba.jpg](https://s9.kh1.co/__image/w=650,h=366,q=100/f2/f24876825156e9a233512daae072570a55f157ba.jpg)
တရုတ်မီဒီယာဆိုက် Sina က "Extraordinary Attorney Woo" ရဲ့ ပုံမှန်မဟုတ်တဲ့ လူကြိုက်များမှုတွေကို ဖော်ပြခဲ့ပြီးတော့ အင်တာနက်သုံးစွဲသူတစ်ဦးမှ ဖန်တီးထားတဲ့ ပရိသတ်အကောင့်တစ်ခုဟာလည်း ဒရာမာကြည့်ရှုသူ ၃၀,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရှိ ပြည်တွင်းနဲ့ ပြည်ပ အွန်လိုင်း ဗီဒီယိုဝန်ဆောင်မှု (OTT) ကုမ္ပဏီများဟာ ပုဂ္ဂလိက စောင့်ကြည့်ရေးစနစ်များကို ဖြေရှင်းချက်အဖြစ် အသုံးပြုနေကြပေမယ့်လည်း တရားမဝင် ဒရာမာအကြောင်းအရာများ ဖြန့်ဝေခြင်းကို နှိမ်နင်းဖို့အတွက်တော့ ခက်ခဲနေကြပါတယ်။
![https://s9.kh1.co/__image/w=650,h=413,q=100/79/79fba0d552e57127cf72381962ec5ec0c2dcae8d.jpg](https://s9.kh1.co/__image/w=650,h=413,q=100/79/79fba0d552e57127cf72381962ec5ec0c2dcae8d.jpg)
ပရော်ဖက်ဆာ Seo Kyung-deok ကတော့ တရုတ်အာဏာပိုင်တွေဟာ ဒီအဖြစ်အပျက်တွေကို သိပေမယ့် အရေးယူမှုတစ်စုံတစ်ရာမရှိကြောင်းနဲ့ တခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှုကို လေးစားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။