Kim Joo-hyuk နဲ့ Son Ye-jin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “My Wife Got Married” ရုပ်ရှင်ကို စပိန်လာလီဂါမှာ ကျော်ကြားတဲ့ FC Barcelona ရဲ့ အိမ်ကွင်း Camp Nou မှာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ရိုက်ကူးရေးနေ့ဟာ ကိုရီးယားမှာသာမက တစ်ကမ္ဘာလုံးမှာ မကြုံစဖူး ကြုံဖူးကြတဲ့ နေ့တစ်နေ့ဖြစ်ခဲ့တာပါ။

ဒါကြောင့်ပဲ “My Wife Got Married” ရုပ်ရှင်က ပြိုင်ပွဲတစ်ခုအတွင်း Camp Nou မှာ ရိုက်ကူးခဲ့တဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရိုက်ကူးရေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ နောက်ကွယ်က ဇာတ်လမ်းတစ်ပုဒ်လည်း ရှိပါသေးတယ်။

ထုတ်လုပ်ရေးအဖွဲ့က FC Barcelona နဲ့ ညှိနှိုင်းဖို့အတွက် ၃ လကျော်ကြာ အသွားအပြန်လုပ်ခဲ့ရပြီး တစ်ချိန်တည်းမှာပဲ Busan International Film Festival ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်တဲ့ Kim Dong-ho က စပိန်မှာ တည်းခိုနေတဲ့အတွက်ကြောင့် သူ့အကူအညီနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ ပရိသတ် ၁၀၀,၀၀၀ ကျော် ရဲ့ အော်သံတွေအတွက် FC Barcelona ရဲ့ အားကစားကွင်းကို အသုံးပြုတာနဲ့ပတ်သက်ပြီး မူပိုင်ခွင့်တစ်ခုလည်းရှိသေးတာဖြစ်ပါတယ်။ ဒီလိုထူးထူးခြားခြားရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်မှာတော့ ပရိသတ်အချစ်တော် မင်းသမီး Son Ye Jin က ပါဝင်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

source - kbizoom