စာဖတ်သူတို့နေ့စဉ်သွားလာ လှုပ်ရှား စားသောက်နေတဲ့ လုပ်ဆောင်မှုတွေက ဦးနှောက်ကို ထိခိုက်ပျက်စီးစေမယ့် အမူကျင့်တွေရှိနေတယ်ဆိုတာ သိပါသလား။ သတိမမူပေမယ့် ဒီအချက်လေးတွေကတော့ စာဖတ်သူတို့ ဦးနှောက်ကို အမှန်တကယ် ထိခိုက်စေနိုင်ပါတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) မနက်စာ မစားဘဲနေတာ

မနက်စာ မစားတာက လိုအပ်တဲ့ သကြားဓါတ် မရရှိနိုင်ခြင်းကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုတွေကို လျော့ကျစေနိုင်ပါတယ်။
(၂) အိပ်ချိန် မလုံလောက်တာ

ဦးနှောက် အနားပေးဖို့ အတွက် အိပ်စက်ချိန် အလုံအလောက် မရှိရင် ဦးနှောက် ဆဲလ်တွေ သေဆုံးနိုင်ပါတယ်။
(၃) အစားသောင်းကျန်းတာ

အစားအစာ အများကြီး စားသုံးခြင်းက ဦးနှောက်စွမ်းရည်ကို ကျဆင်းစေပါတယ်။
(၄) လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာနေထိုင်တာ

ဦးနှောက်က အောင်စီဂျင်များစွာ လိုအပ်တဲ့ အပိုင်းဖြစ်ပါတယ်။ ဒါကြောင့် ညစ်ညမ်းတဲ့ လေထုကို ရှူရှိုက်မိရင် အောက်စီဂျင်မရပဲ ဦးနှောက်မှတ်ဉာဏ်ကို ချို့ယွင်းနိုင်ပါတယ်။
(၅) တွေးခေါ်မှု နည်းပါတာ

စဥ်းစားတွေးခေါ်ခြင်းက ဦးနှောက် အတွက် ကောင်းမွန်စေပါတယ်။ တွေးခေါ်မှု မရှိရင် မှတ်ဉာဏ် လျော့နည်းလာခြင်းတွေ ဖြစ်ပေါ်စေပါတယ်။
(၆) ခေါင်းကို ဖုံးအုပ်ပြီးအိပ်စက်တာ

အိပ်နေစဉ်အတွင်း ခေါင်းကို ဖုံးဖိ အိပ်ခြင်းက အောက်စီဂျင်လျော့နည်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ တိုးပွားလာနိုင်ပါတယ် ။ ဒါကြောင့် ဦးနှောက်ပျက်စီးမှုတွေလည်း စတင်လာနိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ Healthy living