ခံနိုင်ရည်စွမ်းမြင့်မားခြင်းဟာ နေ့စဥ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့အရည်အချင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ခံနိုင်ရည်စွမ်းမြင့်လာစေဖို့အတွက် ရင့်ကျက်တဲ့စိတ်နေစိတ်ထားကလည်းအရေးကြီးပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင်ကအတော်လေး မကောင်းတဲ့အခြေအနေမှာဆိုရင် ရင့်ကျက်တဲ့စိတ်ဓာတ်ကသာ ခံနိုင်ရည်စွမ်းရှိအောင်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ပြဿာနာတွေကိုရင်ဆိုင်တတ်တဲ့ စိတ်ဓာတ်ကလည်း ခံနိုင်ရည်စွမ်းကိုပိုမြင့်လာအောင်လုပ်ပေးနိုင်ပါတယ်။
ခိုင်မာပြီးတော့ ယုံကြည်ရတဲ့ မိတ်ဆွေတွေနှင့် အသိုင်းအဝိုင်းတစ်ခုရှိခြင်းကလည်း အထောက်အကူပေးတဲ့အရာဖြစ်ပါတယ်။ ခက်ခဲမှုတွေအကုန်လုံးကိုချပြနိုင်ပြီး လက်ခံပေးနိုင်မယ့်လူရှိခြင်းဟာ ခံနိုင်ရည်ကိုပိုပြီးမြင့်မားလာစေပါတယ်။ အခြေအနေကိုလိုက်လျောညီထွေနေတတ်တာနှင့် ပြောင်းလဲမှုတွေကိုအလွယ်တကူလက်ခံနိုင်တာကလည်း မရှိမဖြစ်လိုအပ်ပါတယ်။
အခြေအနေအလိုက်မပြောင်းလဲဘဲ တသမတ်တည်းရှိသူတွေဟာ စိတ်ပင်ပန်းမှုတွေကို ပိုလက်ခံရပြီးတော့ အချိန်ကြာလာလေ ခံနိုင်ရည်နည်းပါးလာလေဖြစ်လာမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လက်ခံနိုင်စွမ်းနှင့် နားလည်နိုင်စွမ်းကလည်း ခံနိုင်ရည်အားကိုတိုးတက်စေပါတယ်။ ဒီလိုသိပြီးနားလည်လာအောင်လည်း အချိန်ပေးလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။