အလုပ်နှင့်ပတ်သက်ပြီးလုံးဝမမှားသင့်တဲ့ အရာများ

//s9.kh1.co/7c/7cffd2938a24f8e0bfaf94b4b3f7ed9854d30967.jpg
MPT Lifestyle

 ၂၈-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၄ ရက် က

အလုပ်နှင့်ပတ်သက်ပြီးလုံးဝမမှားသင့်တဲ့ အရာများ

အလုပ်တစ်ခုကို ရေရှည် Career တစ်ခုအဖြစ်ရွေးချယ်တော့မယ်ဆိုရင် လုံးဝမမှားသင့်တဲ့အရာတွေရှိပါတယ်။ သင်ယူဖို့ရပ်တန့်လိုက်ခြင်းဟာ ကိုယ့်အလုပ်ကိုလုံးဝဖျက်စီးလိုက်တာနှင့်တူပါတယ်။ ဘယ်အချိန်မှာမဆို သင်ယူမှုကိုမရပ်တန့်သင့်ပါဘူး။ စိန်ခေါ်မှုတွေကို လက်ခံမယ့်အစားရှောင်ဖယ်နေခြင်းကလည်း မလုပ်သင့်တဲ့အရာပါ။

https://s9.kh1.co/__image/w=564,h=769,q=100/b9/b97dd5be37225ceee7bfb884554aea7fdbab3058.jpg

အလုပ်ကြိုးစားတာဟာကောင်းတဲ့အရာဖြစ်ပေမဲ့ အလွန်အကျွံလုပ်ခြင်းဟာ အလုပ်ကိုထိခိုက်လာစေနိုင်တာကြောင့်မလုပ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းဟာ ခန္တာကိုယ်သာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာစေနိုင်တာကြောင့် အလုပ်များပြီးအလုပ်မတွင်သလိုဖြစ်လာစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=433,q=100/40/40f71d0df6f2134efa67e8bb4a228a8820da38e6.jpg

အလုပ်နှင့်ပတ်သက်တဲ့ Network ကိုချဲ့ထွင်ဖို့စိုးရိမ်နေတာ ရှောင်ဖယ်နေတာမျိုးကလည်း မလုပ်သင့်တဲ့အရာပါ။ အလုပ်တွေဟာ ပုံမှန်အားဖြင့် Network အခိုင်အမာရှိနေမှသာ အဆင်ပြေတာကြောင့် ရေရှည်လုပ်ချင်တယ်ဆိုရင် ကိုချဲ့ထွင်ဖို့မကြောက်ရွံ့သင့်ပါဘူး။ အမှားတွေကိုထပ်ခါထပ်ခါလုပ်ခြင်းကလည်း ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး။ အစပိုင်းမှာ မှားတာဟာဖြစ်နိုင်ပေမဲ့ ဆက်တိုက်မှားနေခြင်းကတော့ အလုပ်တစ်ခုကိုပျက်စီးသွားစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/b4/b4c7ac17a0befcd37bb154400cf41fa9513fc7ff.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T