ဩစတြေးယျတိုက်နားမှာ အားပြင်းငလျင်လှုပ်ပြီးနောက် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရ

//s9.kh1.co/87/87abb4e829fd5a534d9b4c3ce6f32cadb7022d95.webp
နေ့စဉ်သတင်းများ

 ၂၀-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

ငလျင်ဟာအားတော်တော်ပြင်းပြီး ဧရိယာလည်းတော်တော်ကျယ်ခဲ့ပါတယ်

မေလ ၁၉ ရက်နေ့က ဩတြေးယျကျွန်းတစ်ကျွန်းနားမှာ ပြင်းအား ၇.၃ မက်ဂနီကျုအထိရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ပြင်းအား ၇ ထိတောင်ကျော်သွားခဲ့လို့ တော်တော်ကြီးတဲ့ငလျင်လို့ပြောနိုင်ပါတယ်။အနောက်တောင် ပစိဖိတ်ပင်လယ်ထဲမှာ ဗဟိုပြုခဲ့တဲ့ငလျင်ဟာ ည ၈ နာရီ ၄၉ မိနစ်အချိန်မှာ စတင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=634,h=424,q=100/fe/fe00c542af8be4c193bdb343da15d29d6b615eea.png

ငလျင်ရဲ့အချင်းဟာ ၂၉.၃ ကီလိုမီတာထိရှိခဲ့ကာ ဩစတြေးယျနဲ့တော့အနည်းငယ်ဝေးတယ်ဆိုနိုင်ပေမဲ့ နယူးဇီလန်နဲ့တော့ တော်တော်လေးကပ်နေခဲ့လို့ နယူးဇီလန်နိုင်ငံမှာ ဆူနာမီသတိပေးချက်ပါ ထုတ်ပြန်ခဲ့ပေမဲ့နောက်နာရီအနည်းငယ်အကြာမှာတော့ သတိပေးချက်ကို ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ဩစတြေးယျအတွက်တော့ ဆူနာမီသတိပေးချက်ထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=634,h=420,q=100/3a/3a38920f942894dadf4d85be0838a99ad01cf28a.png

ငလျင်ဟာ ဩစတြေးယျတိုက်နားက တက်စ်မားနီးယားကျွန်းနဲ့ ၁၆၀၀ ကီလိုမီတာဝေးတဲ့ မက်ကွေးရိစ်ကျွန်းကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။အဆိုပါကျွန်းရဲ့အောက်ခြေဟာ ဩစတြေးယျမြေပြတ်ကြောနဲ့ ပစိဖိတ်မြေပြတ်ကြောတို့ ပေါင်းစုံရာနေရာမှာရှိပြီး မကြာခဏမြေကြောပြတ်ရွေ့မှုတွေရှိနေတတ်တဲ့နေရာပါ။အဲ့ဒါကြောင့်ငလျင်ခဏခဏလှုပ်တတ်ပြီး နောက်ဆက်တွဲအနေနဲ့ ဆူနာမီလှိုင်းကြီးတွေပါ ပေါ်ပေါ်လာတတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/75/75e18acf4d954e228da872080da00e85de023891.png
Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T