၁၉ လီတာရေဘူးထဲ ၇ နှစ်ကြာ စုဆောင်းထားတဲ့ ငွေတွေနဲ့ iPhone 14 ဝယ်ယူနိုင်ခဲ့တဲ့ အမျိုးသား

//s9.kh1.co/41/41d0028d8e579d5d427003cdfefeb11e0f055a3e.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ လ က

၁၉ လီတာရေဘူးထဲ ၇ နှစ်ကြာ စုဆောင်းထားတဲ့ ငွေတွေနဲ့ iPhone 14 ဝယ်ယူနိုင်ခဲ့တဲ့ အမျိုးသား

မလေးရှားနိုင်ငံက အမျိုးသားတစ်ဦးဟာ ၁၉ လီတာရေဘူးထဲ ၇ နှစ်ကြာစုဆောင်းထားတဲ့ ငွေတွေနဲ့ သူလိုချင်တဲ့ iPhone ကို ဝယ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/c5/c5b9af8ebab390099c6ea194c1c243abdb93c7f5.jpg

အသက် ၃၀ နှစ်အရွယ် Hafiz Abdul Hamid ဆိုတဲ့ အမျိုးသားဟာ ၁၉ လီတာရေဘူးကို အသုံးပြုပြီး လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ၅၀ ဆင့် ငွေဒင်္ဂါးပြားတွေကို စုဆောင်းလာခဲ့တာဖြစ်ပါတယ်။ သူဟာ ရှာသမျှငွေတွေကို အတတ်နိုင်ဆုံး ချွေတာသုံးစွဲပြီး ရည်ရွယ်ချက်တွေပြည့်ဝဖို့ စုဆောင်းခဲ့ပါတယ်။ တစ်ခါတလေ ၅၀ ဆင့် ငွေဒင်္ဂါးပြား အကြွေစေ့တွေရဖို့ သူ့ရဲ့ သူငယ်ချင်းတွေနှင့် မိသားစုဆီကနေ  ငွေသားဖြင့် လဲလှယ်ခဲပါတယ်။ 

https://s9.kh1.co/__image/w=576,h=1024,q=100/d1/d1ccc8e919730e634afc1461e1a393cc58c347cf.jpg

၇ နှစ်လောက်ကြာပြီးနောက်မှာတော့ Hafiz ဟာ ငွေဒင်္ဂါးပြားတွေစုဆောင်းထားတဲ့ သူ့ရဲ့ရေဘူးကြီးကို ဖွင့်ဖောက်ခဲ့ပါတယ်။ ရေဘူးကို ဖွင့်ဖောက်ပြီး ဒင်္ဂါးပြားတွေထုတ်နေတဲ့ ဗီဒီယိုတစ်ခုကိုလည်း TikTok မှာ သူ့ရဲ့ သူငယ်ချင်းတွေက တင်ခဲ့ပါသေးတယ်။ မီဒီယိုဖိုင်ထဲမှာတော့ Hafiz ဟာ စုဘူးထဲက အကြွေစေ့တွေကို အပေါက်ကနေ ထုတ်ယူဖို့ကြိုးစားခဲ့ကြပေမယ့် နောက်ပိုင်းအဆင်မပြေတော့လို့  ရေဘူးကို လွှာနဲ့တိုက်ဖြတ်ပြီး ထုတ်ယူခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=576,q=100/2e/2e30c31cb433584a3d0615125be97f47f934a553.jpg
https://s9.kh1.co/__image/w=500,h=262,q=100/f2/f243ca190d894a1d7ac30c57a36add7af5d8d5af.jpg

ရေဘူးထဲက ငွေဒင်္ဂါးပြားအကြွေစေ့တွေကို ရေဖို့ သူအပါ သူငယ်ချင်း ၄ ယောက်လုံး အချိန် ၃ နာရီကြာ ရေတွက်ခဲ့ရပါတယ်။ အဲ့ဒီငွေရဲ့ ပမာဏဟာ စင်ကာပူ ဒေါ်လာ ၁၅၅၀ ရှိတာကြောင့် iPhone 14 အသစ်စက်စက်တစ်လုံးကို ဝယ်ယူဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။ စင်ကာပူ ဒေါ်လာ ၁၅၅၀ တန်ကြေးရှိတဲ့ သူ့ရဲ့ ငွေင်္ဂါးပြားအားလုံးကို ငွေသားအဖြစ် ထုတ်ယူဖို့ ဘဏ် ၆ ခုကို သွားရောက်ခဲ့ကြောင်း Hafiz ကပြောကြားခဲ့ပါတယ်။ အဲ့ဒီငွေတွေနဲ့ပဲ Hafiz ဟာ iPhone 14 အသစ်စက်စက်တစ်လုံးကို ဝယ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

သတင်း အရင်းအမြစ်Source - The New Paper

Zin Myo
Zin Myo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T