နိုက်ကလပ်အပြင်ဘက်မှာ ဆိုးရွားစွာရန်ဖြစ်ခဲ့ကြတဲ့ မော်ဒယ်နှစ်ယောက်ရဲ့ ဗီဒီယို

//s9.kh1.co/48/487c3a6b848f5f67ac6625daa40611eb1029af5b.jpg
နေ့စဉ်သတင်းများ

 ၁၈-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဗီဒီယိုထဲမှာ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာကို တွေ့မြင်ရမှာပါ.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

စလိုဗက်ကီးယားနိုက်ကလပ်အပြင်ဘက်တွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ဗီဒီယိုဖိုင်တစ်ခုဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။ ဗီဒီယိုထဲမှာ ဗြိတိန်မှ စွဲမက်ဖွယ်ကောင်းတဲ့ မော်ဒယ်နှစ်ဦးဟာ အချင်းချင်း ဆံပင်ကို ဆွဲကြရင်း ထိုး၊ကန် နေခဲ့ကြပါတယ်။ Crystal Foster, 26 နှစ်နှင့် သူမရဲ့သူငယ်ချင်း Beth Adams တို့ဟာ Bratislava တွင် ပြင်းထန်တဲ့ ရန်ပွဲတစ်ခုမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး မြေပြင်ပေါ်တွင် လူးလဲလှိမ့်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=811,q=100/3d/3dde499d58ca0a961e03bf5615ed341bdb241284.webp
https://s9.kh1.co/__image/w=650,h=700,q=100/00/00b73f662ad2f39f607661bebf0c2988a96ef7e1.webp

Playboy အတွက် မော်ဒယ်လုပ်ထားပြီး Instagram တွင် Follower 110,000 ရှိတဲ့ တက်တူးများစွာ ထိုးထားတဲ့ Crystal က သူမနှင့် Beth တို့ဟာ ရက်စက်ကြမ်းကြုတ်စွာ ရန်ပွဲဖြစ်ပွားခဲ့တဲ့ ကလပ်မှာ ပရိုမိုးရှင်းပွဲတစ်ခုအတွက် လာရောက်ပြသရန် အခကြေးငွေ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဆံပင်ရွှေရောင်နဲ့ သူငယ်ချင်း နှစ်ယောက်ဟာ ခေါင်းကို လက်သီးနဲ့ ပြင်းပြင်းထန်ထန် ထိုးနှက်မှုတွေ ကြုံလာရတာတောင် ဘေးလူတွေက စောင့်ကြည့်ပြီး ဝင်‌ရောက်စွက်ဖက်ဖို့ မရွေးချယ်ခဲ့ကြပါဘူး။ ဒါပေမယ့် အမျိုးသားတစ်ယောက်က ကျွတ်သွားတဲ့ဆံပင်တုကို ပြန်ပေးဖို့ ချဉ်းကပ်ခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်ဟာ မြေပြင်ပေါ်မှာ ရှိနေတုန်းပါပဲ။

https://s9.kh1.co/__image/w=650,h=725,q=100/8d/8dceb4fa8d56a816eeaeb63017b569f8e219d443.webp
https://s9.kh1.co/__image/w=634,h=632,q=100/44/4496b5f7833cbbb132b86ea2dd79726b723f086f.png

ပရိုမိုးရှင်းပွဲမှာ အစောင့် များရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးနောက် ခိုက်ရန်ဖြစ်ပွားမှု စတင်ခဲ့ကြောင်း Crystal မှ ပြောကြားခဲ့ပါတယ်။ အစောင့် တွေထဲက တစ်ဦးဟာ သူမနှင့် အခြားဧည့်သည်များအပေါ် ရန်လိုပြီး အောက်တန်းကျခဲ့ကြောင်း သူမက The Sun အွန်လိုင်းသို့ ပြောကြားခဲ့ပါတယ်။ သူက 'ဒါက ရုပ်ပိုင်းဆိုင်ရာဖြစ်လာတော့ သူက ကျွန်မကို လက်ဖဝါးနဲ့ ရိုက်ပြီး မျက်နှာကို ရိုက်လိုက်တာ ပိုဆိုးသွားတယ်' လို့ ပြောပါတယ်။ အဆိုပါ ဆူပူအုံကြွမှုတွင် အစောင့်ဟာ ကလပ်အပြင်ဘက်ရှိ Crystal ကို ရိုက်လိုက်တာကြောင့် Beth ရဲ့ ဖုန်းပါ အရိုက်ခံခဲ့ရကြောင်း သူမက ပြောကြားခဲ့ပါတယ်။ အဲ့‌နောက် အရက်မူးနေတဲ့ သူတို့သူငယ်ချင်းအတွဲဟာ နာမည်ကြီး Bratislava ကလပ်ရှိ ပျော်ပျော်ပါးပါး လူအုပ်ကြီးရှေ့တွင် ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=755,q=100/05/05d0ab5a143749bcbdac96e85efd41de1ed43ead.webp
https://s9.kh1.co/__image/w=597,h=998,q=100/e7/e7ff65afbcdc9f1f9b235ae6ff8b60348c3fe296.webp

Crystal က 'ငါတို့က မော်ဒယ်တွေဖြစ်ပြီး ငါတို့အဲဒီမှာ အတူတူပျော်ခဲ့ကြတယ်၊ သူက အရမ်းမူးနေပြီး ငါနဲ့ Beth ကြားက ရန်ဖြစ်တာမျိုး မဖြစ်သင့်ဘူး။ ဒါပေမယ့် သူက ကျွန်မကို တွန်းထုတ်ပြီးချိန်မှာ ယောက်ျားတွေက ငါးမိနစ်လောက် ကိုယ်ထိလက်ရောက် ကျွန်မကို ကျူးလွန်ပြီးနောက် ကျွန်မ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ တွန်းအားပေးခဲ့တယ်။ ကျွန်မအတွက် ခံရတာ လုံလောက်ပါပြီ' အခင်းဖြစ်ပွားရာနေရာကို ရဲတွေခေါ်ခဲ့ပြီး Crystal က သူမဟာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒဏ်ရာတွေရခဲ့ပေမယ့် လေဆိပ်ကို တည့်တည့်သွားကာ ပထမဆုံးလေယာဉ်နဲ့ အိမ်ပြန်ခဲ့တယ်လို့ Crystal ကပြောပါတယ်။ သူမက ပြန်ကောင်းလာဖို့အတွက် အလုပ်က အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။ Beth ဟာ နောက်တစ်နေ့တွင် တွစ်တာမှာ 'ဒီမနက် ရဲတွေ စစ်ဆေးမေးမြန်းခံရတာက အံ့ဩစရာပါပဲ၊ အထူးသဖြင့် သူတို့‌တွေ ကျွန်မနေထိုင်ဖို့အတွက် ဘာလုပ်လဲလို့ မေးတဲ့အခါ ရယ်စရာပဲ '

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T