Sheffield ရှိ တရားသူကြီးအဖွဲ့တစ်ဖွဲ့က အမျိုးသားတစ်ဦးကို ' ကတုံးလို့ခေါ်ခြင်းဟာ' လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပါတယ်။ North Yorkshire ခုံရုံးကို ကြီးကြပ်တဲ့ တရားသူကြီး သုံးဦးမှ တစ်ဦးက ထိပ်ပြောင်ခြင်းဟာ အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍အဖြစ်များကြောင်း တရားသူကြီးတစ်ဦးက ထောက်ပြခဲ့ပါတယ်။ The Telegraph ရဲ့ အဆိုအရ တရားသူကြီးများဟာ ကြားနာစဉ်အတွင်း သူတို့ရဲ့ ထိပ်ပြောင်ခြင်းနှင့်ပတ်သက်ပြီး ညည်းညူခဲ့ကာ ယင်းစာတမ်းတွင် အခြေခံအားဖြင့် အမျိုးသားတစ်ဦးရဲ့ ထိပ်ပြောင်ခြင်းအပေါ် မှတ်ချက်ပေးခြင်းဟာ အမျိုးသမီးတစ်ဦးရဲ့ ရင်သားအရွယ်အစားကို မှတ်ချက်ပေးခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း စာတမ်းတွင် ထောက်ပြထားပါတယ်။


တရားသူကြီးများဟာ အလုပ်တွင် 24 နှစ်နီးပါးကြာပြီးနောက် ယမန်နှစ် မေလတွင် ဗြိတိသျှ Bung ကုမ္ပဏီမှ အလုပ်ထုတ်ခံခဲ့ရတဲ့ လျှပ်စစ်ပညာရှင် Tony Finn မှ တင်သွင်းခဲ့တဲ့ အမှုတစ်ခုအတွင်း စီရင်ချက်အပေါ် တရားသူကြီးများက ဆုံးဖြတ်ခဲ့ပါတယ်။ ယခု လျော်ကြေးပေးမည့် Finn ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုရဲ့ သားကောင်ဖြစ်ခဲ့သည်ဟု ဆိုကာ Yorkshire အခြေစိုက် ကုမ္ပဏီအား ခုံရုံးသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ Finn ဟာ စက်ရုံကြီးကြပ်ရေးမှူး Jamie King နှင့် 2019 ခုနှစ်တွင် ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကို ကိုးကားပြီး King ရဲ့ အသွင်အပြင်နှင့် ပတ်သက်လို့ သူ့ရဲ့မှတ်ချက်များဟာ 'စည်းကျော်ခဲ့ကြောင်း' ပြောပြခဲ့ပါတယ်။


Finn နှင့် King တို့ရဲ့ ဆက်ဆံရေးဟာ အကြမ်းဖက်လုနီးပါးဖြစ်ပြီး သူတို့ ဝင်ရောက်ယှဉ်ပြိုင်ချိန်တွင် Finn ထက် အသက် 30 နီးပါးငယ်တဲ့ King က သူ့ကို 'စောက်ကတုံး' လို့ခေါ်ဆိုခဲ့ပါတယ်။ Finn ဟာ အခင်းဖြစ်ပွားပြီးနောက် သူရဲ့ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် ကြောက်ရွံ့ကြောင်း တရားရုံးက ကြားနာခဲ့ရပါတယ်။ တရားသူကြီး Jonathan Brain ဟာ King ရဲ့ပြောဆိုချက်များဟာ စော်ကားရုံသာမက နှောင့်ယှက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပြီး ဒီလိုကတုံးလို့ ခေါ်ဆိုခြင်းဟာ အမျိုးသမီးတစ်ဦးရဲ့ ရင်သားအရွယ်အစားကို ပြောဆိုခြင်းနဲ့တူကြောင်း သတ်မှတ်ခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်៖ Ladbible