မြစ်ကြီးနားမြို့နယ် ၊ တပ်ကုန်းရပ်ကွက် ၊ ရွှေလမ်းမမှာ မေလ(၁၁)ရက်နေ့ ၊ ည (၈) နာရီခွဲခန့်က ဆိုင်ကယ်နှင့် နွားတိုက်မိပြီး ထို ဆိုင်ကယ် မောင်းနှင်လာတဲ့ လူငယ်ဟာ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အရှိန်နှင့် မောင်းနှင်လာတဲ့ ဆိုင်ကယ်က လမ်းဖြတ်ကူးလာတဲ့ နွား ကိုဝင်တိုက်မိပြီး ထိုဆုင်ကယ်မောင်းနှင်သူက ဦးခေါင်းတွင်ပြင်းထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူဟာ အသက် (၂၃) နှစ်အရွယ်ရှိပြီး တပ်ကုန်းရပ်ကွက်ရှိ ဧဒင်တွင် နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါထိခိုက်သူကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ချိန်ထိ သတိလစ် မေ့မြောနေဆဲဖြစ်ပြီး အခြေအနေ စိုးရိမ်ရဖွယ် ရှိကြောင်း သူကပြောကြားခဲ့ပါတယ်။

