ထိုင်းအစိုးရဟာ ဆေးခြောက်ပင်ပေါင်း တစ်သန်းလောက်ကို နိုင်ငံတဝှမ်းကလူတွေဆီ အခမဲ့ဖြန့်ဝေပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးကကြေညာခဲ့ပါတယ်။ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပေးပြီးနောက်မှာ အိမ်မှာအပင်စိုက်ပြီး ကိုယ်တိုင်ကိုယ်ကျအသုံးပြုနိုင်အောင် ဖြန့်ဝေပေးတာပါ။

ကျန်းမာရေးဝန်ကြီးက ပြီးခဲ့တဲ့မေလ ၈ ရက်နေ့ကဒီအကြောင်းကို Facebook ကနေတဆင့် အသိပေးခဲ့တာဖြစ်ပြီးအဲ့လိုဖြန့်ဝေပေးရတဲ့အဓိအကြောင်းရင်းကတော့ အိမ်မှာပဲတခြားအပင်တွေလို စိုက်ပျိုးနိုင်အောင်ဖြန့်ဝေပေးခဲ့တာပါတဲ့။

ဇွန်လ ၉ ရက်နေ့မှာစအသက်ဝင်မဲ့ ဥပဒေမှာ ထိုင်းနိုင်ငံသားတွေအနေနဲ့ အစိုးရကိုအသိပေးပြီး အိမ်မှာဆေးခြောက်ပင်တွေစိုက်ပျိုးနိုင်ကြောင်း၊ဒါပေမဲ့စိုက်တဲ့အပင်ဟာ ဆေးအဖြစ်သုံးဖို့ အဆင့်အတန်းမှီပြီး ဆေးအနေနဲ့သာအသုံးပြုရမှာဖြစ်ကြောင်း၊လိုင်စင်မရှိပဲနဲ့ ဆေးခြောက်ပင်တွေကို စီးပွားရေးအရရောင်းချလို့မရကြောင်း ပါဝင်ပါတယ်။ဆေးခြောက်တွေကို ဒီလိုကျယ်ကျယ်ပြန့်ပြန့်သုံးလာတာဟာ နိုင်ငံရဲ့စီးပွားဖြစ်သီးပင်စားပင်အဖြစ် အသုံးပြုချင်တာကြောင့်ပါ။ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံရဲ့ အလုပ်သမားတော်တော်များများလည်း ဆေးခြောက်ပင်စိုက်ခင်းတွေထဲမှာ လုပ်ကိုင်နေကြပါတယ်။

ထိုင်းမှာဆေးခြောက်နဲ့ပတ်သက်တဲ့ဥပဒေတွေလည်းတော်တော်လျော့ကျသွားပါတယ်။မနှစ်ကဆိုထိုင်းကုမ္ပဏီ တွေဟာအချိုရည်တွေနဲ့ အလှကုန်တွေထဲမှာ လျှော်ပင်တွေနဲ့ အသုံးပြုသူကိုမူးယစ်ခြင်းမဖြစ်စေတဲ့ CBD ကွန်ပေါင်းတွေကိုထည့်သွင်းအသုံးပြုလာကြပါတယ်။ကျန်းမာရေးဝန်ကြီးဟာ ဒီလိုမျိုးဆေးခြောက်စိုက်ပျိုးမှုကနေပြီး တစ်နှစ်ကိုအခွန်ငွေ ၁၀ ဘီလီလျံလောက်ရရှိနိုင်မယ်လို့မှန်းထားကြောင်း Post ထဲမှာထည့်ရေးထားပါတယ်။
