မိမိရဲ့ အသုဘမှာ နိုးထလာပြီးနောက် နှလုံးဖောက်ပြီး ပြန်လည်သေဆုံးခဲ့သူ အမျိုးသမီး

//s9.kh1.co/3c/3c027c250d51490a947d87550488fe2863ebbcb4.jpg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ဒီဖြစ်ရပ်မျိုးဟာ ခုမှ ပထမဆုံးအကြိမ် မဟုတ်ပါဘူး.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အသုဘအခမ်းအနားမှာ နိုးလာတဲ့အခါ နှလုံးဖောက်ပြီးနောက် နှစ်ကြိမ်သေဆုံးခဲ့ပါတယ်။ ရုရှားနိုင်ငံ Kazan မှ Fagilyu Mukhametzyanov ဟာ ရင်ဘတ်အောင့်ကာ အိမ်ထဲတွင် လဲကျပြီးနောက် အသက် 49 နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း ယူဆခဲ့ကြပါတယ်။ အသက် 51 နှစ်အရွယ် အသည်းကွဲ ခင်ပွန်းဖြစ်သူ Fagili Mukhametzyanov ဟာ ဇနီးသည်အတွက် အဖွင့်အသုဘချရန် စီစဉ်ခဲ့‌ပေမယ့်လည်း အသက်ပြန်ရှင်လာတဲ့အခါတွင် တုန်လှုပ်သွားခဲ့ပါတယ်။ သူမအတွက် ဝမ်းနည်းပူဆွေးသူများရဲ့ ဆုတောင်းသံကို ကြားလိုက်ရသဖြင့် Fagilyu ဟာ ထူးဆန်းတဲ့ အခြေအနေတွင် သူမကိုယ်သူမ တွေ့ရှိရန် မျက်လုံးဖွင့်ကာ အော်ဟစ်နေပါ‌တော့တယ်။

https://s9.kh1.co/__image/w=650,h=366,q=100/53/53f303625624f6d299bfed57dd4200ad81037839.webp
https://s9.kh1.co/__image/w=360,h=240,q=100/38/38445cc57856981e56a28fbd1d3ac77cb7003f02.webp

အဲ့နောက် သူမအား ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့‌ပေမယ့်လည်း ဝမ်းနည်းစွာမသေဆုံးမီ အထူးကြပ်မတ်ကုသဆောင်တွင် နောက်ထပ် ၁၂ မိနစ်သာ အသက်ရှင်ခဲ့ပါတယ်။ စိတ်ဆိုးနေတဲ့ ခင်ပွန်းသည်က သူမသေဆုံးကြောင်း ကြေညာပြီး မကယ်တင်ခဲ့တဲ့အတွက် ဆေးဝန်ထမ်းတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုပြီး “သူမ မျက်လုံးတွေ ပြူးပြီး ဆေးရုံကို ချက်ချင်းပြန်ပို့ခဲ့ပေမယ့် သူမ မသေဆုံးခင် အထူးကြပ်မတ်ကုသဆောင်မှာ နောက်ထပ် ၁၂ မိနစ်သာ နေထိုင်ခဲ့ရပါတယ်၊ ကျွန်တော် အရမ်းဒေါသထွက်ပြီး အဖြေလိုချင်ပါတယ်။ သူမကို သေပြီလို့ပြောနေတုန်းက သူမ မသေသေးပါဘူး ပြီးတော့ ကယ်လည်းကယ်တင်နိုင်ခဲ့မှာပါ " ဆေးရုံပြောရေးဆိုခွင့်ရှိသူ Minsalih Sahapov က ထူးထူးဆန်းဆန်းဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/5c/5cd3f09d1dca31027568d8e96262f4a4c9bba4bd.webp
https://s9.kh1.co/__image/w=615,h=410,q=100/63/63369d2b6f0ce8a20cf820ffb1547aaf0030ea1b.jpg

အလားတူ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုဟာ မကြာသေးမီက သူမရဲ့ အခေါင်းအတွင်းမှ "ခေါက်သံ" ကြားသဖြင့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့ အမျိုးသမီးတစ်ဦးကို မြင်တွေ့ခဲ့ရပါတယ်။ Rosa Isabel Cespedes Callaca ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ပီရူးနိုင်ငံ Lambayque မြို့မှာ မတော်တဆမှုထဲ ပါဝင်ခဲ့မိပါတယ်။ ခဲအိုဖြစ်သူရဲ့ အသက်ကို ဆုံးရှုံးခဲ့ရတဲ့ ကပ်ဆိုးကြီးတစ်ခုတွင် သူမ ပါဝင်ခဲ့ပြီးနောက် သေဆုံးဒဏ်ရာရသူအဖြစ် ကြေညာခံခဲ့ရပါတယ်။ ဒေသရဲ့ Chiclayo-Picsi လမ်းတွင် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အပြီးတွင် သူမရဲ့ တူ သုံးဦးလည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။ အဆိုပါအဖြစ်ဆိုးပြီးနောက် Rosa ဟာ သူမရဲ့ ဈာပနမတိုင်မီ နောက်ဆုံးအင်္ဂါနေ့ (ဧပြီ 26) တွင်ရုပ်အလောင်းကိုထည့်ထား‌ပေမယ့်လည်း သူမရဲ့အခေါင်းထဲကနေ ခေါက်သံများကြားရသဖြင့် သူမကို ထုတ်ပြီး ဆေးရုံးသို့ပို့ဆောင်ခဲ့ပေမယ့် စိတ်မကောင်းစွာပဲ ပြန်သေဆုံးသွားခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/96/9608449539b14c259011adca1bf0422c92f3fd9c.webp

သတင်း အရင်းအမြစ်Daily Star

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T