Balenciaga က ထုတ်လုပ်လိုက်တဲ့ သိန်း ၅၀ တန် အမှိုက်ပုံးထဲက ဖိနပ်များ

//s9.kh1.co/8b/8bb306dc2e2bf2ac03263ea6360c1539bb39fab7.jpg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဒီဇိုင်းဘာညာအနေအထားကတော့ မဆိုးပါဘူး.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)


ကမ္ဘာကျော် ဖက်ရှင်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Balenciaga ဟာ သင့်အတွက် နောက်ဆုံးပေါ် ဖိနပ်တစ်စုံကို ယူဆောင်လို့ လာခဲ့ပြီဖြစ်ပါတယ်။ ဇိမ်ခံ တံဆိပ်ဟာ သူ့ရဲ့ Limited Edition အသစ်ဖြစ်တဲ့ 'distressed' ဆိုတဲ့ ဖိနပ်အမျိုးအစားကို ထုတ်‌ခဲ့ပါတယ်။ တခြားဖိနပ်တွေနဲ့မတူညီဘဲ လုံး၀ကွဲထွက်လို့နေပါတယ်။ သင့်ကိုမျက်စိကျစေမယ့် ဒီဖိနပ်တွေဟာ US $1,850 (AUD$2,700၊ £1,524) တန်ကြေးရှိပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/92/92e625160f78bc83197944479c9690bce504e637.webp
https://s9.kh1.co/__image/w=650,h=434,q=100/b3/b3414fac4c69054a165726104bc47ec8e33f4273.jpg

Balenciaga ရဲ့ ကိုယ်ပိုင်စကားအရ ဖိနပ်များကို 'အပျက်အစီးအပြည့်ရှိတဲ့ ချည်နှင့်ရော်ဘာ' ဖြင့်ပြုလုပ်ထားပြီး 'တစ်ထည်လုံး စုတ်ပြဲသွားခြင်း' ဖြင့်ပြုလုပ်ထားပါတယ်။ အမှိုက်ပုံးထဲက သင်ဆွဲထုတ်လိုက်တဲ့ တခြားဖိနပ်တွေနဲ့ မတူဘဲ သူတို့ကို ဘေးတစ်ဖက်တစ်ချက်မှာ Balenciaga အမှတ်တံဆိပ်ကို ဂရပ်ဖီတီ အသွင်အပြင်နဲ့ ပြသထားတာကြောင့် ကျေနပ်စရာပါပဲ။ 'extra-destroyed' များကို အဖြူအမည်းဖြင့် ရရှိနိုင်ပြီး ဒီဇိမ်ခံအမှတ်တံဆိပ်ဟာ အဆိုပါ limited edition ဖိနပ် အတွဲ 100 ကိုသာ ရောင်းချမည်ဟု ဆိုပါတယ်။

https://s9.kh1.co/__image/w=577,h=797,q=100/1e/1e0d08c3d233a3e0beb8e74841166b474bd2896e.png
https://s9.kh1.co/__image/w=573,h=657,q=100/92/92d56d4ed13537108a2cc439976f4625e7220d8b.png

သင်ဘယ်လိုမြင်လဲပေါ်မူတည်ပြီး ဒါဟာ ကောင်းလား ဆိုးဝါးပါသလား? တွစ်တာအသုံးပြုသူတစ်ဦးက "Balenciaga က ဖိနပ်အသစ်တစ်ရံကို ထုတ်ပေးနေပြီး၊ ဒီအချိန်မှာ လူတွေကို လှည့်စားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။" ဒုတိယအသုံးပြုသူတစ်ဦးက "Balenciaga ဟာ သူလုပ်ဖူးသမျှထဲ အရုပ်ဆိုးဆုံး s**t မှာ ပိုက်ဆံသုံးနိုင်လောက်အောင် ဘယ်သူက မိုက်မဲနေလဲဆိုတာ သိနိုင်ဖို့ လူမှုစမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။" လို့ရေးသားထားပါတယ်။ ကောင်းမွန်းတဲ့ Comments တွေကိုလိုက်ရှာပေမယ့်လည်း လူတိုင်းက တူညီတဲ့ မှတ်ချက်တွေပဲ မန့်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=566,h=684,q=100/23/2372e59ff7c9584e310fcf70ee8e185bd53a12ee.png
https://s9.kh1.co/__image/w=577,h=574,q=100/96/96b31fa52dc81e3f38e9db23a38f0ce1a300b73d.png
https://s9.kh1.co/__image/w=566,h=591,q=100/c5/c5edcb0632d895bf92898cbecad43b15987ce922.png

သတင်း အရင်းအမြစ်Ladbible

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T