ရှေးဟောင်းပစ္စည်းတွေဖြစ်တော့မယ့် iPod လေးများ

//s9.kh1.co/89/899e2806c33e491280545e885ac30e059855bb34.webp
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

နောက်နှစ်နည်းနည်းကြာရင် iPod တွေကိုတွေ့ရဖို့ခက်ခဲသွားတော့မှာပါ

၂၀၀၀ ပြည့်နှစ်ဝန်းကျင်တုန်းက MP3 Player,MP4 Player လေးတွေနာမည်ကြီးကာစ ထိပ်ဆုံးမှာနေရာယူခဲ့တဲ့ iPod လေးတွေဟာ နောက်နှစ်နည်းနည်းနေရင် ရှေးဟောင်းပစ္စည်းတွေဖြစ်လာတော့မှာပါ။ဘာကြောင့်လဲဆိုရင်  iPod ထုတ်လုပ်မှုတွေနဲ့ ဝန်ဆောင်မှုပေးနေတာတွေကို ရပ်နားပစ်တော့မယ်လို့ Apple ဖက်ကကြေညာခဲ့တာကြောင့်ဖြစ်ပါတယ်။စတင်ထုတ်လုပ်ခဲ့တာနှစ် ၂၀ ကြာပြီးနောက်မှာ ခုလိုမျိုးရပ်တန့်သွားတာပါ။

https://s9.kh1.co/__image/w=650,h=433,q=100/47/477eb165c8b337dccaa2032a1e943f5dd999d681.png

၂၀၁၉ ခုနှစ်ကနောက်ဆုံးထွက်ထားတဲ့ iPod Touch ကိုလည်း Apple က Update မပေးတော့တာကြာပါပြီ။လက်ရှိဈေးကွက်ထဲမှာလည်း Touch ကိုပဲဝယ်ယူရရှိနိုင်ပြီး ဈေးကွက်ထဲမှာကုန်သွားရင်ထပ်ဝယ်နိုင်မှာမဟုတ်တော့ပါဘူး။

iPod Touch 
iPod Touch 

iPod ဟာ ၂၀၀၁ ခုနှစ်မှာစတင်ထွက်လာခဲ့ပြီး စစထွက်ချင်းတုန်းကတော့ သီချင်းပေါင်း ၁၀၀၀ ကျော်ကိုသာ ထည့်သွင်းထားနိုင်ပါတယ်။Touch တင်မကသေးပဲ iPod Mini,iPod Nano နဲ့ iPod Shuffle တို့လည်းပါဝင်ပါတယ်။၂၀၁၁ ခုနှစ်မှာ Apple ဟာတစ်ကမ္ဘာလုံးရဲ့ MP3 ဈေးကွက် ၇၀% လောက်ကိုကိုင်ထားနိုင်ပြီး iPod အလုံးပေါင်းသန်းလေးရာလောက်ကိုလည်း ရောင်းချပြီးပါပြီ။ခုနောက်ဆုံးထွက်ထားတဲ့ Touch ဗားရှင်းမှာဆိုရင် သီချင်းနားထောင်ယုံသာမကပဲ Email ပို့တာတွေ၊ဓာတ်ပုံရိုက်တာတွေကိုပါ လုပ်ဆောင်နိုင်နေပါပြီ။

image via CNET
image via CNET

Apple ရဲ့စီနီယာဒုဥက္ကဌဖြစ်သူ Greg Joswiak ကတော့ iPod ရဲ့သဘောတရားဟာ ဆက်လက်ရှင်သန်နေဦးမှာလို့ထုတ်ပြန်ခဲ့ပါတယ်။“Apple ဟာအမြဲတမ်းဂီတကိုတန်ဖိုးထားပါတယ်။သန်းကိုရာနဲ့ချီတဲ့အသုံးပြုသူတွေအတွက် iPod ကတေးဂီတနယ်ပယ်ကိုသက်ရောက်မှုရှိခဲ့ယုံသာမကပဲ ဂီတကိုဘယ်လိုရှာဖွေတွေ့ရှိကြမလဲ၊နားထောင်ကြမလဲ မျှဝေကြမလဲဆိုတာကိုပါ အဓိပ္ပါယ်ဖွင့်ပေးပါတယ်”လို့ပြောခဲ့ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T