ဗီယက်နမ် SEA Games ပြိုင်ပွဲမှာ မြန်မာက KURASH အားကစားဖြင့် ပထမဆုံး ရွှေတံဆိပ် ရရှိ

//s9.kh1.co/b2/b25bd32328d11b2f0d5489c29dc96135c3812578.jpg
အားကစားသတင်းများ

 ၁၂-မေ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

.

ဗီယက်နမ်နိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပလျက်ရှိတဲ့ (၃၁) ကြိမ်မြောက် SEA Gamesပြိုင်ပွဲကြီးမှာ မြန်မာလက်ရွေးစင်ကစားသမားများစွာက နိုင်ငံ့ကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်နေကြတာဖြစ်ပါတယ်။ မေလ ( ၁၁ ) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံအလိုက် ဆုရရှိမှုဇယားအရ မြန်မာက ပထမဆုံး ရွှေတံဆိပ်ရရှိခဲ့ကြောင်း သိရပါတယ်။

Photo Credit - VIET SEA Games
Photo Credit - VIET SEA Games
Photo Credit - VIET SEA Games
Photo Credit - VIET SEA Games

အဆိုပါ ပထမဆုံး ရွှေဆုတံဆိပ်အဖြစ် 87Kg KURASH အားကစားနည်းပြိုင်ပွဲမှာ မအေးအေးအောင် က နိုင်ငံအတွက် စတင်ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာက ကြေးတံဆိပ်တစ်ခုကို ရယူခဲ့ပြီး စုစုပေါင်း ဆု (၂) ခုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအလိုက် ဆုရရှိမှု ဇယားအရ အိမ်ရှင် ဗီယက်နမ်က ရွှေ (၁၀) ခု ၊ ငွေ (၈) နှင့် ကြေး (၉) တို့ဖြင့် စုစုပေါင်း (၂၇) ဆုကို အများဆုံးရယူထားခဲ့ပြီး ပထမနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit - VIET SEA Games
Photo Credit - VIET SEA Games

ဆုဇယားရဲ့ ဒုတိယနေရာမှာတော့ မလေးရှားက ရွှေ (၉) ခု ၊ ငွေ (၃) ခု နှင့် ကြေး (၅) ခု စုစုပေါင်း ဆု (၁၇) တိုဖြင့် ရပ်တည်နေတာ တွေ့ရပါတယ်။ မြန်မာကတော့ လက်ရှိအချိန်ထိ ရွှေ (၁) ခုနှင့် ကြေး (၁) တို့ကိုသား ရရှိထားတာ ဖြစ်ပါတယ်။ မည်သို့ပင်စေကာမူ နိုင်ငံ့ကိုယ်စားပြု သွားရောက် ယှဥ်ပြိုင်နေတဲ့ လက်ရွေးစင်ကစားသမားတွေအတွက် ဂုဏ်ပြုပေးရင်း ပရိသတ်တွေကလည်း အားပေးစကားလေးတွေ ပြောပေးခဲပါဦးနော်....။

Photo Credit - VIET SEA Games
Photo Credit - VIET SEA Games
Photo Credit - VIET SEA Games
Photo Credit - VIET SEA Games

သတင်း အရင်းအမြစ်Source - VIET SEA Games



Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T