Junior Soccer World Challenge 2023 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဂျပန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်တဲ့ မြန်မာယူ-၁၂ အသင်း

//s9.kh1.co/74/747931c557abe0cbd59341d0f4ed8982b1cd36bd.jpg
အားကစားသတင်းများ

 ၂၃-သြ-၂၀၂၃ ၉am · လွန်ခဲ့သော ၃ လ က

Junior Soccer World Challenge 2023 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဂျပန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်တဲ့ မြန်မာယူ-၁၂ အသင်း

ဂျပန်နိုင်ငံမှာ ၁၁ ကြိမ်မြောက်ကျင်းပမည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲမှာ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၂ လူငယ်ဘောလုံးအသင်းဟာ ယမန်နေ့ ညနေပိုင်းက ဂျပန်နိုင်ငံ၊ ချီဘားမြို့ကို ထွက်ခွာခဲ့ပြီလို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/0c/0c7e534443192cc3939244eadcd26278f9b985e4.jpg

အဆိုပါ မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းမှာ  အုပ်ချုပ်/နည်းပြ (၇)ဦး၊ ကစားသမား (၁၇)ဦး စုစုပေါင်း (၂၄)ဦး လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/1b/1b25934d35ccfbcb0724f65557fb7a8e3b78dad2.jpg

 မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းဟာ အုပ်စုအဖွင့် ပွဲစဥ်အဖြစ် ဩဂုတ်လ ၂၄ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂း၄၅ နာရီမှာ  ဘာစီလိုနာအသင်း၊ အုပ်စုဒုတိယပွဲစဥ် အဖြစ် ဩဂုတ်လ ၂၄ ရက် မြန်မာစံတော်ချိန် ညနေ ၃း၀၀နာရီမှာ Daiwa House Dream အသင်းနှင့်  အုပ်စု နောက်ဆုံးပွဲစဥ်အဖြစ် ဩဂုတ်လ ၂၅ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂း၄၅ နာရီမှာ JEF United Chiba U-12 အသင်းများနှင့် ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=1153,q=100/ea/eacd09754ec4f7d4630d828bdb91804f081c0f1c.jpg

သတင်း အရင်းအမြစ်Source- MFF

Zin Myo
Zin Myo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T